ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ အောက်တိုဘာလ ပထမအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလားနယ်စပ်လမ်းကြောင်းမှ သွင်းကုန်များမှာ အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၃၈)သန်းဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၀.၀၃၈) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၉၈)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

      တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ကော်ဖီ၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၃၈၃)သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၁.၀၂၉)သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၄၁၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၁၈၈)သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၅၁၄)သန်းလျော့နည်းသွားသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၇၀၂)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

 

ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

     အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်လေတပ်စခန်းတို့မှ ဆန်၊ ဆီ၊ ကြက်သား၊ ဟင်းသီးဟင်းရွက်နှင့် အသင့်စား စားသောက်ကုန်များအား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တိုင်းဆီကုန်သည်များအသင်းနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်ဈေးဖြင့်  ၄၄၀ ပိဿာ ၊ ဆန်တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ဆန် ၁၃ အိတ်၊ ကြက်ဥ (၄)လုံးလျှင် ၁၀၀၀ ကျပ်ဈေးဖြင့် အလုံးရေ ၁၀၀၀ နှင့် ဆားငါးဆယ်သားတစ်ထုပ်လျှင် ၃၀၀ ကျပ်ဖြင့် ဆား ၇၅ ပိဿာ တို့ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား ရောင်းချပေးခဲ့ပါသည်၊၊

   ထိုသို့ရောင်းချခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူတို့မှ ကွင်းဆင်းကြည့်ရှုကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မကွေးမြို့၊ မြို့မစျေးအတွင်း၌ အောက်တိုဘာလ(ပထမပတ်)အတွင်း ဖြစ်ပေါ်နေသော စျေးနှုန်းအခြေအနေ

     မကွေးမြို့၊ မြို့မစျေး၌ မြို့ပေါ်ရှိ စျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ပုထိုစမ်းကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      မကွေးမြို့၊ မြို့မစျေးတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ် (၁၂၀၀-၁၅၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ပဲသီး(၁)ထုံးလျှင် ကျပ်(၂၅၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်သီးစိမ်း တောင်ပေါ် (၁၁)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ပြောင်းဖူးအချို(၁၀)ဖူးလျှင် ကျပ်(၃၀၀၀)၊ ကြက်သား(CP)(၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပုဇွန်ကျော့ (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၂၇၀၀၀)၊ ငါးမြစ်ခြင်း (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးခုတ်သား(၁) ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၂၇၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး မြို့မစျေးသို့ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့အပြင် မကွေးမြို့၊ မြို့မစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန် ဘုရင့်နောင်၊ မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလာဖီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း ၍လည်းကောင်း၊ ငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်း ပြုလုပ်၍လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

     မကွေးမြို့၊ မြို့မစျေးတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချလျှက်ရှိ သော ကုန်စျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုဇွန်ခြောက်လတ်(၁) ပိဿာလျှင် ကျပ်(၆၃၀၀၀)၊ ပုဇွန်ခြောက်အသေး(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးဖန့်ဝိုင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၂၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ်၊ ငါးရံ့လုံး (၁)ပိဿာလျှင် (၄၁၀၀၀)ကျပ်၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးဘတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၆၀၀၀- ၃၂၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်အတွင်း မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းစုံရာ မြစ်ရေကြီးချိန်တွင် ရေဝင်ရောက်သည့် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်း ကျေးရွာ များဖြစ်သည့် ကုန်းတလင်း၊ ဇီးကုန်း၊ဇီးကုန်းကျွန်း၊သူဌေးကုန်းနှင့် ကန်ဒေါင့်ကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ အများအ ပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

     မျိုးဥများအနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စိုက်ပျိုးသည့်ပျိုးပင်စိုက် ကြက်သွန်နီများမှ ထွက်ရှိလာသည့် ဒေသခေါ် (ကျမ်းကျွံ)ဥသေးများနှင့် မျိုးစေ့ကို ကျဲပက်၍ စိုက်ပျိုး ရာမှထွက်ရှိလာသည့် ဒေသခေါ်(ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြကြောင်း၊ မျိုးဥ(၁)ပိဿာလျှင် ကျပ်(၃၅၀၀) ဝယ်ယူရကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုးဥ(၃၀၀ မှ ၃၅၀)ပိဿာခန့် ကုန်ကျ ကြောင်း၊ မျိုးဥအရွယ်အစား အကြီး၊အသေးပေါ်တွင်မူတည်၍ (၁)ဧကကုန်ကျမူပိဿာများ ကွာခြားလျက်ရှိပါကြောင်း ယခုနှစ်တွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၅၀၀၀၀၀)ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ်က မျိုးဥ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၊ ၂၀၀၀)ခန့်ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅၀၀၀၀၀)ခန့်ကုန်ကျကြောင်းကို ကုန်းတလင်းကျေးရွာမှ စိုက်ပျိုး တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

    မိုးစိုက်(ခေါ်)ဥစိုက်ကြက်သွန်နီများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တူးဖော်ရမည် ဖြစ်ကြောင်း(၁)ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀၀)မှ(၃၅၀၀)ခန့် ထွက်ရှိနိုင်ကြောင်း ယခုဈေးနှုန်းအနေဖြင့် ကျပ်(၂၅၀၀)မှ(၃၀၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကုန်တလင်းကျေးရွာတွင် တောင်သူ(၁၀)ဦး၊ (၂၅)ဧက စိုက်ပျိုးကြပြီး  မိမိအနေဖြင့် ယခုနှစ်တွင်(၃) ဧကခန့် စိုက်ပျိုးထားကြောင်း၊ ပတ်ဝန်းကျင်ရှိကျေးရွာများတွင်လည်း ဧက(၅၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ တူးဖော်ချိန်တွင် ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းအနေဖြင့် ယခုလက်ရှိဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိ၊ ရာသီဥတုလည်း ကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သင်္ဃန်းကျွန်းမြို့နယ်၌ စားအုန်းဆီရောင်းချမှုကို ကွင်းဆင်းကြပ်မတ်

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ စားသုံးဆီများဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီများမှ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသူများသို့ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချစေရေး စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေး၊ ရည်ညွှန်းဈေးနှုန်းထက် ၂%အမြတ်တင်ရောင်းချပေးခြင်းရှိ/မရှိနှင့်  ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေခြင်းများမပြုလုပ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄-၁၀-၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ လုပ်ငန်းရှင် ဦးစိုင်းဇော်ဇော်လင်းဆိုင်သို့သွားရောက်ကွင်းဆင်းစိစစ်ရာ စားသုံးဆီများကို SIX WINNER BROTHER CO., Ltd မှဝယ်ယူ၍ စားသုံးသူပြည်သူများသို့ ဆီ ၁ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်၌ ရက်သတ္တပတ်အတွင်းဖြစ်ပေါ်နေသော သံချောင်းဈေးနှုန်းအခြေအနေ

    ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ရွှေပြည်သာမြို့နယ်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော မိဘမေတ္တာဆိုင်သို့ နေ့စဉ်သံချောင်းဈေးနှုန်းစုံစမ်းလျက်ရှိရာ သံချောင်းအမျိုးအစားများဖြစ်သော HRB-400, HRB-500, H-Beam, I-Beam, Hollow ဈေးနှုန်းများမှာ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၅၀၀၀)မှ ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ သံချောင်းဈေးနှုန်းကျဆင်းရခြင်းအကြောင်းမှာ မိုးတွင်းကာလဖြစ်ပြီး ဝယ်လိုအားနည်းပါးနေသောကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇) ရက်နေ့မှ အောက်တိုဘာလ(၃)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀၀) မှ ကျပ် (၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၆၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၄၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၃၆၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၅၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၈၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၄၀၀) မှ ကျပ် (၂၈၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ကျပ် (၇၂၀၀) မှ ကျပ် (၈၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၇၄၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၇၀) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၁၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၅၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၃၂၁၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၈၇၁၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၂၉၇၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၁၈၉၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၈၆၅၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၈၂၇၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၀၄၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“စက်တင်ဘာလအတွင်း သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/ နီ လက်ကားဈေးနှုန်းများ”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၂၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၈၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ကျပ်မှ ၃၆၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၈၀၀ကျပ်မှ ၈၂၀၀ကျပ်ထိရှိခဲ့ပါသည်။ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် (၃၅၁၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၇၀၀)ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၁၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၃၀၀ကျပ်မှ ၇၆၀၀ကျပ်ထိဖြစ်ခဲ့ပါသည်။ စက်တင်ဘာလ တတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၅၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၂၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၆၀၀ကျပ်မှ ၃၂၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၃၀၀ကျပ်မှ ၇၅၀၀ကျပ်ထိရှိခဲ့ပါသည်။ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၀၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၂၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၆၀၀ကျပ်မှ ၃၁၅၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၃၀၀ကျပ်မှ ၇၅၀၀ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူ/ နီဈေးနှုန်းများမှာ အနည်းငယ်အတက်အကျဖြစ်လျက်ရှိနေကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ကရင်ပြည်နယ်အတွင်း ဆန်စီးဝင်မှုအခြအနေနှင့် ဆန်ဈေးနှုန်းများ

    ကရင်ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုမှာ ယခင်အပတ်ထက် ပိုမို၍  စီးဝင်ခဲ့ကြောင်း သံလွင်တံတားမှ နေ့စဉ်ပေးပို့လာသော စာရင်းဇယားများမှ သိရသည်။

    အခြားတိုင်းဒေသကြီးများမှ ကရင်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ရန်ကုန်မှ အိတ်ရေ ၄၉၈၀ ၊ သထုံမှ အိတ်ရေ ၂၇၇၀၊ ဝေါမှ အိတ်ရေ ၈၂၀၊ ပဲခူးမှ အိတ်ရေ ၆၉၀၊  စုစုပေါင်း ၉၂၆၀ အိတ် တန်အားဖြင့် ဖော်ပြလျှင် ၄၆၃ တန်ဝင်ခဲ့‌ပြီး၊ ယခုအောက်တိုဘာလ ပထမအပတ်တွင် ရန်ကုန်မှ အိတ်ရေ ၇၉၃၀ ၊ သထုံမှ အိတ်ရေ ၂၇၃၀၊ ဝေါမှ အိတ်ရေ ၁၅၀ ၊ ပဲခူးမှ အိတ်ရေ ၁၂၈၅၊  စုစုပေါင်း ၁၂၀၉၅ အိတ် တန်အားဖြင့် ဖော်ပြလျှင် ၆၀၅ တန် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း ပိုမို၍ စီးဝင်ခဲ့သည်။

    ကရင်ပြည်နယ်အတွင်း စပါးလက်ကျန်နည်းပါးလာသောကြောင့် ဆန်စက်လုပ်ငန်းများအနေ ဖြင့် ရန်ကုန်၊ သထုံ၊ ပဲခူး၊ ဝေါ စသည့် ဒေသများမှ ဆန်များ ဝယ်ယူ၍ ရောင်းချရသောကြောင့် ဝယ်ဈေးအပေါ် သယ်ယူပို့ဆောင်ခ ထပ်ဆောင်းသောကြောင့် ဈေးနှုန်း အနည်းငယ်တက်လာ ကြောင်း သိရသည်။

    ကရင်ပြည်နယ်၏ အောက်တိုဘာလ ပထမအပတ်တွင် ဖြစ်ပေါ်နေသော ဆန်စပါး တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀ ဖြစ်ပြီး ကရင်ပြည်နယ်ဘားအံမြို့တွင် ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ ဧည့်မထ(ဆန်) တစ်ပြည်(၂၉၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်၊ ပေါ်ဆန်း (ဆန်)တစ်ပြည်(၅၀၀၀)ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၁၄၀၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၁၀၀) ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 

DOCA(ကရင်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း