ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၈၅၆ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၆၅၀ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၅၂ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၇၄၃ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၈၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၈၀ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၈၀၀၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၇၀ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၇၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၂၃၂ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၂၀ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၈၃၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၆၉၀ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၅၉၈၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

        ၂၂.၉.၂၀၂၅  ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှယ်စ (၁၂၀၆၈)၊ ထိပ်စ(၁၀၈၇၀)၊ လက်စ(၅၃၅၅)၊ ၂၅ မတ်ဆန် (၅၀၀၃)၊ ဆန်ကွဲ(၁၇၀၃၆) အိတ် စုစုပေါင်း(၅၀၃၃၂) အိတ်တို့ဝင် ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း နှင့်ယခင်နေ့ထက် ဆန်အိတ်ပိုမိုဝင်ရောက် ကြောင်း ကုန်စည်ဒိုင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

               ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၀.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၄၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၂၅ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၃ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၆၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၆၉ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၈၀၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၈၈  ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၂၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၃၇၈ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၄ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၁၂၇၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၃ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၃၀၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                  

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဝင်ရောက်သောဆန်အမျိုးအစားများ၏ ဈေးနှုန်းများမှာ ယခင်နေ့ များအတိုင်း ပြောင်းလဲမှုမရှိကြောင်း ကုန်စည်ဒိုင်၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 ကျွန်းလှမြို့တွင် စကားဝါ/စကားဖြူပန်းပျိုးပင် နှင့် ပန်းပွင့်များ စိုက်ပျိုးရောင်းချလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၏ စကားဝါ/ဖြူပန်းပျိုးပင် ဈေးနှုန်းနှင့် စကားဝါ/ဖြူပန်းပွင့် ဈေးနှုန်းအနေဖြင့် စကားဝါ/ဖြူပျိုးပင် တစ်ပင်လျှင်(၁၇၀၀၀)ကျပ်၊ စကားဖြူပန်းပွင့် ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၅)ကုံးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း (၂)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၆၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၀၅၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော  တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ၂၃.၉.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မြင်းခြံကြက်သွန်နီမှာ ၁၈.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျပြီး မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အတိုင်းဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

    DOCA (ရန်ကုန်)

 

 

 

 ကျွန်းလှမြို့တွင် ကံကော်ပန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်းကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၏ ကံကော်ပန်းပျိုးပင် ဈေးနှုန်းနှင့် ကံကော်ပန်း ပွင့် ဈေးနှုန်းအနေဖြင့် ကံကော်ပန်းပျိုးပင် တစ်ပင်လျှင်(၃၀၀၀၀)ကျပ်၊ ကံကော်ပန်းပွင့် တစ်စီးလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကံကော်ပန်းပျိုးပင်သည် နိမ့်နိမ့်လေးနှင့် အဖူးအပွင့်များပွင့် သော ပန်းပင်ဖြစ်ကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဈေးကောင်းနေသောလောင်စာတောင့်”

      လားရှိုးမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ထင်းနှင့်မီးသွေးအစားထိုးအဖြစ် လောင်စာတောင့်များအား ပြုလုပ်၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထင်းနှင့်မီးသွေးထက် အချိန်ကုန် သက်သာစေပြီး တာရှည်ခံသည့် လောင်စာတောင့်များအား အိမ်ရှင်မများမှ ပိုမိုသုံးစွဲလာကြကြောင်း သိရှိရပါသည်။ လောင်စာတောင့်များအား လေးတောင့်အခဲနှင့် အဝိုင်းအခဲဟူ၍ နှစ်မျိုးထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လောင်စာတောင့်(လေးတောင့်အခဲ)များကို ဂျပ်ဖာများဖြင့် ရောင်းချလျက်ရှိပြီး လောင်စာတောင့်(အဝိုင်းအခဲ)များကို ပီနံအိတ်များဖြင့် ရောင်းချကြောင်း သိရှိ ရပါသည်။

     လက်ရှိဈေးကွက်တွင် ဖြစ်ပါ်နေသောလောင်စာတောင့်(လေးတောင့်အခဲ) ဈေးနှုန်းများမှာ (၅)ပိဿာခန့်ပါ တစ်ဖာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ လောင်စာတောင့်(အဝိုင်းအခဲ)ဈေးနှုန်းများမှာ (၄၅)ခုပါ တစ်အိတ်လျှင်(၂၅၀၀ဝိ/-)ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်ဈေးကွက်

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     ဂေါ်ဖီထုပ်ဈေးနှုန်းမှာ  အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင်(၁၀၀၀) ကျပ်မှ (၂၀၀၀ -၂၅၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်၍ ဈေးကွာကြောင်းသိရသည်။ ပဲတောင့်ရှည်ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀ -၂၀၀၀) ကျပ်အထိ အစည်းအကြီးအသေးပေါ်မူတည်ပြီး ကွဲပြားကြောင်း သိရှိရသည်။ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို မြို့ထဲရှိ ရေခြံစိုက်ပျိုးရေး လုပ်ကိုင် သူများနှင့် အနီးနားရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ရွာများမှ လာရောက်ရောင်းချကြကြောင်း လည်းသိရှိရသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၈၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၅၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၃၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၁၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၁၈၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၇၅၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ကျိုင်းတုံမြို့တွင် စက်တင်ဘာလ တတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် စက်တင်ဘာလ ဒုတိယအပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်ခြောက်ရှည်၊ ငရုတ်ခြောက်ပု၊ ကုလားပဲ၊ အာလူး၊ ကြက်သား(CP)နှင့် ပဲတောင့်ရှည်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ငရုတ်ခြောက်ရှည်၊ ငရုတ်ခြောက်ပုနှင့် ကုလားပဲဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ အာလူး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသောကြောင့်လည်းကောင်း၊ ကြက်သား(CP)ဈေးနှုူန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသောကြောင့်လည်းကောင်း၊ ပဲတောင့်ရှည်ဈေးနှုန်းမြင့်တက်ရခြင်း မှာ ဒေသထွက်လက်ကျန်များလျော့နည်းလာသောကြောင့် ဖြစ်ပါသည် ကြက်သွန်ဖြူ(ကြူကုတ်)နှင့် ဝက်သား ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ယင်းသို့ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းကျဆင်း ရခြင်းမှာ တရုတ်(ယွမ်)ငွေ ဈေးနှုန်းကျဆင်းခဲ့သောကြောင့်လည်းကောင်း၊ ဝက်သားဈေးနှုန်းကျဆင်း ရခြင်းမှာ ဝက်အစာဈေးနှုန်းကျဆင်းခဲ့သောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

‌                                     

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာ ဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

    တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၅၀၀၀)ကျပ် တို့ဖြစ်ပါသည်။

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဒုတိယအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ်ကျဆင်းခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်နှင့် ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၂၀၀၀၀)ကျပ် ကျဆင်းခဲ့ပါသည်။ တာချီလိတ်မြို့တွင် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

          စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၇၀၀ဝိ/-)ကျပ်၊  ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၈၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၆၇၀၀ဝိ/-)ကျပ်နှင့် ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500ccတစ်ဗူးလျှင်(၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 100cc တစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ၊ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မိုးစပါးများစိုက်ပျိုးနေချိန်ဖြစ်၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းအဝယ်ကောင်းကြောင်း  ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း