ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၁၀.၂၀၂၃ )

    ၁၃.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၃၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၃၄၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၉၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၈၂၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

       ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၄၀ကျပ်မှ ၂၆၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၆၄၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၄၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

မွန်ပြည်နယ်တွင် ကွမ်းသီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ်အနေဖြင့် ကွမ်းသီးစိုက်ဧက ၅၆၂၆၁ ဧက၊ ရိတ်ဧက ၅၁၄၂၅၊ နှုန်း ၁၀၅၅.၁၄၊ အထွက် ၅၄၂၆၀၇၀၉ ရှိသည်။  မွန်ပြည်နယ်ရှိ  ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်း၊ ခေါဇာမြို့တို့၌ ကွမ်းသီး စိုက်ပျိုးကြသည်။ အများဆုံး စိုက်ပျိုးသည့်မြို့နယ်များမှာ ဘီးလင်းမြို့၊ မော်လမြိုင်၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့နယ်၊ ခေါဇာမြို့နယ်တို့မှ စိုက်ပျိုးဧကအများဆုံးနှင့်အထွက် အများဆုံးမြို့နယ်များဖြစ်သည်။

    ယခုနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကွမ်းသီးဈေးနှုန်း အခြေအနေမှာ ရေပေါင်းခြမ်း တစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာ လျှင် ၅၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၆၉၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၇၁၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်( အလယ်သား) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်        ( အလယ်သား) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ မော်လမြိုင်အညိုသီး (ပြွမ်း) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မော်လမြိုင်အညိုသီး(သန့်) တစ်ပိဿာလျှင် ၃၆၀၀ကျပ် ဖြစ်ကြောင်း သိရပါသည်။  မွန်ပြည်နယ် မော်လမြိုင်မြို့မှ   ထွက်ရှိသော  ကွမ်းသီးခြောက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကရင်ပြည်နယ်တွင် ရာဘာဈေးအခြေအနေ

     ၂၀၂၃ခုနှစ်၊အောက်တိုဘာလတွင် ကရင်ပြည်နယ်၌ ရာဘာဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

     ပွင့်လင်းရာသီ ရာဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS-3 အမျိုးအစား ရာဘာ ၁ ပေါင်လျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလ ပြီးဆုံးချိန်တွင် တစ်ပေါင် ၁၃၄၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ ယခင်လက RSS-3 တစ်ပေါင်လျှင် ၁၆၈၀ကျပ် ဈေးနှုန်းဖြစ်ပြီး၊ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင်  RSS-3 တစ်ပေါင်လျှင် ၁၄၈၀ ကျပ်ဖြင့် လည်းကောင်း၊ ယခင်လက RSS-5 တစ်ပေါင်လျှင် ၁၆၄၀ကျပ် ဈေးနှုန်းဖြစ်ပြီး၊ယခုလ ဒုတိယအပတ်တွင် RSS-3တစ်ပေါင်လျှင် ၁၄၂၀ ကျပ်ဖြင့်လည်းကောင်း၊ အသီးသီးဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ယခုမိုးအဆုံးကာလသည် ကရင်ပြည်နယ်တွင် ရာဘာစိုက်တောင်သူ အများစုမှာ မြေပြုပြင်ခြင်း၊ ခြုံရှင်း/ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲကာလဖြစ်၍ ရာဘာလုပ်ငန်းအများစုရပ်နားထားကြောင်း သိရသည်။

DOCA(ကရင်)

 

မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကောက်စောစပါးထွက်ရှိပြီး လယ်သမားများ စပါးအရောင်းအဝယ်ဖြစ်မှုအပေါ် စိတ်ကျေနပ်မှုရရှိ

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးကိုအခြေခံသည့်အလျောက် မအူပင်မြို့နယ်သည် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး ယခုအခါတွင် တာပါတ်အနောက်၊ တာပါတ်အရှေ့၊ သာယာကုန်း၊ လက်ဝံကုန်း၊ သိုက်ကုန်းကျေးရွာများ၌ ကောက်စောစပါးများဖြစ်သော ဆင်းသုခ၊ မနောသုခ၊ GW-11 စပါးများရင့်မှည့်ပြီး ရိတ်သိမ်းချွေလှေ့စက်များဖြင့် ရိတ်သိမ်းရောင်းချလျက်ရှိကြောင်းကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

   အဆိုပါ ကောက်စောစပါးများထွက်ရှိနေသော ကျေးရွာများအနက် မအူပင်မြို့နယ်၊ သာယာကုန်းကျေးရွာမှ တောင်သူဦးဝင်းစိန်၏ ဆင်းသုခစပါးများရိတ်သိမ်းနေမှုကို ကွင်းဆင်းမေးမြန်းရာ တောင်သူဦးဝင်းစိန်က မိမိသည် မိုးစပါး (၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုအခါ (၅)ဧကလုံးရင့်မှည့်၍ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် (၇၀) တင်းခန့်ထွက်နိုင်ကြောင်းနှင့် စပါးအစို တင်း(၁၀၀)လျှင် ကွင်းဈေး (၁၃၅၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း ဦးစွာရှင်းပြပြီး ယခုနှစ်၌ သွင်းအားစုဈေးနှုန်းများအနည်းငယ်မြင့်တက်ခဲ့သော်လည်း မိမိတို့အနေဖြင့် မိုးစပါးတွင် သွင်းအားစုများကို အနည်းငယ်သာသုံးစွဲရသဖြင့် ယခုကောက်စောစပါးထွက်ရှိမှုနှင့် မိုးစပါးဈေးမှာ မိမိအတွက် သင့်တင့်သောအကျိုးအမြတ်ရရှိသဖြင့် ကောက်စောစပါးစိုက်တောင်သူများသည် ကျေနပ်ဝမ်းသာပြီး စိတ်ကျေနပ်မှုရရှိနေကြောင်း တောင်သူဦးဝင်းစိန်၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)

 

မင်းဘူးခရိုင်၌ ချည်မျှင်ရှည်ဝါအထွက်နှုန်းကောင်းရရှိရေး စိုက်ပျိုးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးရာသီကာလ၌ ချည်မျှင်ရှည်ဝါ (၁)ဧကလျှင် ပိဿာ(၇၀၀)အထွက်နှုန်းကောင်းရရှိရေးအတွက် မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့ နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

  ချည်မျှင်ရှည်ဝါသီးနှံကို မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာ(၃၈)အုပ်စုရှိတောင်သူပေါင်း (၄၆၉)ဦးမှ စိုက်ဧက(၁၈၇၉)ဧက၊ ပွင့်ဖြူမြို့နယ်တွင်ကျေးရွာ(၅)အုပ်စုရှိ တောင်သူပေါင်း(၁၀၆)ဦးမှ စိုက်ဧက(၁၂၄၈)ဧက၊ စလင်းမြို့နယ်တွင် ကျေးရွာ(၉)အုပ်စုရှိတောင်သူပေါင်း(၁၈၆၇)ဦးမှ စိုက်ဧက (၁၂၅၁၅)ဧက၊ ငဖဲမြို့နယ်တွင် ကျေးရွာ(၁၆)အုပ်စုရှိ တောင်သူပေါင်း(၅၀၃)ဦးမှ စိုက်ဧက(၉၀၀) ဧက၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ(၁)အုပ်စုရှိ တောင်သူပေါင်း(၂၅)ဦးမှ စိုက်ဧက(၅၀)ဧက၊ စုစုပေါင်းကျေးရွာအုပ်စု(၆၉)အုပ်စုရှိ တောင်သူပေါင်း(၂၉၇၀)ဦးမှ စိုက်ဧက(၁၆၅၉၂)ဧကအား စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မင်းဘူးခရိုင်အတွင်း သီးနှံအထွက်နှုန်းကောင်းရရှိရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါသီးနှံများကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နှင့်ပူးပေါင်း၍ သီးနှံမျိုးစေ့များနှင့်စိုက်ပျိုးနည်းစနစ်များကိုလည်း ပညာပေးဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

DOCA(မကွေး)

 

မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို  မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္တပတ်)တွင် ပဲတီစိမ်း(၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဖြစ်ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ်(၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင် (၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၈၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    ကုလားပဲ(HL)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၆၇၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၄၆၆၀)ဖြစ်၍ ကျပ်(၁၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(929)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၇၄၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၈၀)ဖြစ်၍ ကျပ်(၆၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင် (၃၀)ပိဿာဝင်အိတ်ဖြင့် ကုလားပဲ(HL)အိတ်ရေ(၁၄၀)အိတ်ခန့်၊ ကုလားပဲ(929)အိတ်ရေ(၆၀) အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

     ပဲကြီးဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၁၁၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၅၁၁၀)၊ ပဲကြီးမဲ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၄၇၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၄၄၇၀)၊ စားတော်ပဲ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၆၅၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၆၅၀)၊ စားတော်ပဲ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၆၅၀)ဖြစ်ပြီး ယခုအပတ်တွင် လည်း ကျပ်(၆၆၅၀)၊ မတ်ပဲ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၁၅၀)ဖြစ်ပြီး ယခုအပတ်တွင် လည်း ကျပ်(၄၁၅၀)ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နေပြီး (၁)ရက်လျှင်(၃၀)ပိဿာဝင်အိတ်ဖြင့် ပဲကြီးဖြူ အိတ်ရေ(၁၀၀)အိတ်ခန့်၊ ပဲကြီးမဲအိတ်ရေ(၄၀)အိတ်ခန့်၊ စားတော်ပဲအိတ်ရေ(၂၀)အိတ်ခန့်၊ မတ်ပဲ အိတ်ရေ(၄၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၆၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၇၆၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၈၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ပြီး (၁)ရက်လျှင် (၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၄၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   မကွေးတိုင်းဒေသကြီးမှ မန္တလေးမြို့သို့တင်ပို့မှုအနေဖြင့် မြေပဲ(၂၀၀၀)အိတ်၊ ကုလားပဲ (၁၅၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၅၀၀)အိတ်၊ ကုလားပဲ(၅၀၀)အိတ်၊ ပဲတီစိမ်း(၁၄၇၀)အိတ်၊ စုစုပေါင်း(၅၉၇၀)အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

 

မကွေးကုန်စည်ဒိုင်၏ နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်ရှိကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း သိရသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္တပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများမှာ နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၃၃၀)ဖြစ်ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ်(၇၉၃၀) ဖြစ်၍ ကျပ်(၄၀၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၈၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   နှမ်းနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၃၃၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀) ဖြစ်၍ ကျပ်(၁၃၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၂၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

   နှမ်းနက်(စမုံ)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၆၇၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၆၇၀)၊ နှမ်းနက်(ရိုးရိုး)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၁၃၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၁၃၀)၊ နှမ်းညိုကြား(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၆၇၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၆၇၀)ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နေပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)အိတ်ရေ(၄၀၀)အိတ်ခန့်၊ နှမ်းနက်(ရိုးရိုး)အိတ်ရေ(၁၆၀)အိတ်ခန့်၊ နှမ်းညိုကြား အိတ်ရေ(၁၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။တင်ပို့မှုအနေဖြင့် မကွေးတိုင်းဒေသကြီးမှမန္တလေးမြို့သို့ နှမ်း(၆၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၄၉၀) အိတ်၊ စုစုပေါင်းနှမ်း(၆၄၉၀)အိတ် တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီးတွင်ရောင်းချသော ငါးခြောက်ဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီး၌  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ရောင်းချလျက်ရှိသောငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက်(အာဗြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက်(အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက် (အသေး)၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တို့ဖြစ်သည်။

    ၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာဗြဲခြောက်)(အကြီး)တစ်ပိဿာ လျှင် ကျပ်၄၀၀၀၀၊ ငါးနှပ်ခြောက်(အာဗြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ်၃၂၀၀၀၀၊  ငါးနှပ်ခြောက်(အာဗြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ်၂၃၀၀၀၀၊ ငါးပုပ်ခြောက်တစ်ပိဿာလျှင် ကျပ်၂၅၀၀၀၊   ငါးနီတူခြောက်တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးလိပ်ကျောက်ခြောက်တစ်ပိဿာလျှင် ကျပ်၂၄၀၀၀၊  ငါးရွှေခြောက်တစ်ပိဿာလျှင် ကျပ်၁၈၀၀၀၊  ငါးအူမြင်းခြောက်တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးကွင်းရှပ်ခြောက် (အကြီး) တစ်ပိဿာလျှင် ကျပ်၄၂၀၀၀၊ ငါးကွင်းရှပ်ခြောက်(အလတ်)တစ်ပိဿာလျှင် ကျပ်၃၇၀၀၀၊ ငါးကွင်းဆက်ခြောက် (အသေး) တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်အတွင်း၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အတွင်း၊ ငါးတံခွန်ခြောက် ခွဲခြမ်းတစ်ပိဿာလျှင်  ၁၂၀၀၀ကျပ်၊  ငါးဖောင်ရိုးခြောက်တစ်ပိဿာလျှင် ကျပ်၁၈၀၀၀၊ ငါးစာပြက်တစ်ပိဿာလျှင်  ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အတွင်း၊ ငါးစင်ရိုင်းခြောက်တစ်ပိဿာလျှင် ကျပ်၂၂၀၀၀၊ ပုစွန်ခြောက် (အကြီး) တစ်ပိဿာလျှင် ကျပ်၇၀၀၀၀၊  ပုစွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ်၆၀၀၀၀၊  ပုစွန်ခြောက် (အသေး)တစ်ပိဿာလျှင် ကျပ်၄၅၀၀၀၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်တို့ဖြစ်သည်။ အဆိုပါ ငါးခြောက်ဈေးနှုန်းများမှာ အပတ်စဉ်အလိုက် အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်းသိရသည်။

DOCA(မွန်)

 

ကော့ကရိတ်မြို့ရှိ တစ်ပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   အောက်တိုဘာလ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ်၌  အခြေခံစားကုန်များဖြစ်သော ရွှေဘို ပေါ်ဆန်းဆန် တစ်ပြည် ၆၄၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန် တစ်ပြည် ၅၂၀၀ ကျပ်၊ သထုံပေါ်ဆန်းဆန် တစ်ပြည် ၄၄၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)တစ်ပြည်   ၃၄၀၀ ကျပ်၊ ဧည့်မထဆန်(ဇီယာ) တစ်ပြည် ၃၄၀၀ ကျပ်၊ ငစိန် တစ်ပြည် ၃၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ(ကြီး)လက်လီဈေးမှာ တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာ ၂၈၀၀ ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဂျင်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာ ၁၆၀၀၀ ကျပ် မှ ၁၉၀၀၀ ကျပ်ထိ၊ အာလူး တစ်ပိဿာ ကျပ် ၂၃၀၀ မှ ၂၅၀၀ ထိ ၊ ကုလားပဲခြမ်း တစ်ပိဿာ ၆၅၀၀ ကျပ်၊ ပဲနီလေး တစ်ပိဿာ ၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(ကြီး)တစ်လုံး ၃၅၀ ကျပ်၊ (သေး) တစ်လုံး ၃၀၀ ကျပ်ရှိသည်။ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား (ဥတုံး) တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ  ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ ကျပ်၊ ချောင်း ငါးကြင်း တစ်ပိဿာ ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ၊ ငါးတန် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီ (ယိုးဒယား)တစ်ပိဿာလျှင် ၇၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း