ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

     မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

             မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၅၀၀ ကျပ်နှင့်၈၃၀၀ကျပ်၊S1 ဆီဆန်  ၆၉၀၀ကျပ်နှင့် ၇၇၀၀ကျပ်၊ အနီလုံးဆန် ၇၃၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊အနီဆီဆန် ၆၉၀၀ကျပ်နှင့်၇၂၀၀ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်၊ S1 ဆီဆန် ၈၀၀၀ကျပ်နှင့် ၈၄၀၀ ကျပ်၊S1 ရွေးဆန်၈၇၀၀ကျပ်နှင့် ၈၈၀၀ကျပ်၊အနီလုံးဆန် ၈၈၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ အနီဆီဆန် ၈၂၀၀ကျပ်နှင့်၈၄၀၀ကျပ်၊ အနီလုံးဆန်(ရှမ်း)၈၀၀၀ကျပ်နှင့် ၈၂၀၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါ သည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စျေးကောင်းရသည့်ဆီနေကြာကြိတ်ဖတ်

      နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ)တစ်အိတ် လျှင် ၁၈၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၆၆၆၇ ကျပ်၊နေကြာဖတ်တစ်ပိဿာလျှင် ၂၉၀ဝကျပ် နှင့် ၃၁၀ဝကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်၊ တစ် ပိဿာလျှင် ၈၅၁၈ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက ဆီနေကြာစျေးအနည်းငယ်လျော့နည်းသွားပြီး၊နေကြာကြိတ်ဖတ်စျေးမှာစျေးကောင်းရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလတတိယပတ်ရှိနှမ်းစျေးကွက်

                 ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ် အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၅၀၀၀ ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊နှမ်းဖြူ (ဗမာ) ၂၇၅၀၀ဝ ကျပ်နှင့်၂၈၀၀၀၀ ကျပ်၊ နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်)၆၅၅၆ကျပ်နှင့် ၆၆၆၇ ကျပ်၊ နှမ်းဖြူ (ဗမာ) ၆၁၁၁ ကျပ်နှင့် ၆၂၂၂ ကျပ်၊နှမ်းညို ၅၈၈၉ ကျပ်နှင့် ၆၀၀၀ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်)၉၁၁၁ ကျပ်နှင့် ၉၃၃၃ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၆၆၇ ကျပ်၊ နှမ်းဖြူ(ခြုံကျော်) ၉၀၀၀ ကျပ်နှင့် ၉၁၁၁ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

                  

မန္တလေးစျေးကွက်သို့စတင်ဝင်ရောက်သည့်သစ်အယ်သီး

              စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ စက်တင်ဘာလဆန်းမှစ၍ စတင်ဝင်ရောက် လျှက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်းအတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စား အစား အစာအဖြစ်ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ တတိယပတ်အတွင်း သစ်အယ်သီး လက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ် နှင့် ၂၃၀၀၀ကျပ်စျေးဖြင့်ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည် တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲသီးတောင့်ရှည်စျေးကျဆင်းလျက်ရှိ

                  ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှုများပြားလျှက်ရှိပြီး၊ မိုး ရာသီဖြစ်၍ ပဲသီးတောင့် ရှည်ကုန်စိမ်းစျေးကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက် အတွင်းဝင်ရောက်လျှက်ရှိသည့်ပဲသီးတောင့်ရှည်များအားအစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့် များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ ကျပ်၊လက်လီစျေး၄၅၀၀ကျပ်နှင့် ၅၀၀၀ ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ သြဂုတ်လ နောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁ ပိဿာလျှင် ၅၀၀ ကျပ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေး အတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုး အစားအလိုက် (Canter ၁၂ဘီးနှင့် ၆ဘီး)ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

  မိုးရာသီငရုတ်သီးစိမ်းစျေးကွက်

                ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း  သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့် ငရုတ်သီးစိမ်း အမျိုးအစားများမှာ ကုလား အော်ငရုတ်၊လျှာဂျွန်းထိုးငရုတ်၊ငရုတ်ရှည်နှင့်ငရုတ်ပွသီးများ တွေ့ရှိ ရပြီး၊ အလေးချိန်ဖြင့် ရောင်းချ သကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ်အစားအလိုက် ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီး ပွစျေး နှုန်းများမှာ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ပန်းငရုတ်ပွတစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

  ဝင်ရောက်မှုများသည့်နဂါးမောက်သီး

                  စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှထွက်သည့်နဂါးမောက်သီးများဝင်ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသားအဖြူရောင်၊ ခရမ်းရောင်နှင့် အနီရောင် တို့တွေ့ရှိရပြီး၊ အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော် သစ်သီးရောင်းချသည့် စျေးတန်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ် အတွင်းဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး)(အတွင်းသားဖြူ) ၂၀၀၀၀ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၃၀၀၀ကျပ်၊ (လုံးသေး)၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်ရာသီဖြစ်ပြီး၊ သစ်သီးမျိုးစုံ အရောင်းသွက်လျှက်ရှိ ကြောင်း ထနောင်ပင်စျေးရှိစျေးသည်တစ်ဦး ၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးကုန်စိမ်းစျေးရှိငရုတ်သီးပွ

               ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းပန်းငရုတ်ပွများကိုအစိမ်းရောင်၊အဝါရောင်၊ အနီရောင်နှင့်လိမေ္မာ် ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့်ရောင်းချခြင်းနှင့်အလုံး အရွယ်အစား အလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုး တွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့် ၄၁လမ်း စျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ် စျေးတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ်(၄၀) စီးနှင့် (၆၀)စီး အကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

   အရောင်းသွက်သည့်သစ္စာပန်း

        မိုးရာသီမန္တလေးပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်သစ္စာပန်းများဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ သစ္စာပန်းအပွင့်အရောင်မှာ အဖြူ၊အနီ၊မိတ်ကပ်ရောင်၊ ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီ စျေးနှုန်းများမှာ သစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့်ကြီး) ၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ဝါတွင်း ကာလဘုရားပွဲ နှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာ  စျေးကွက် အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

       နှင်းပန်းစျေးနှုန်းစျေးကွက်

        မိုးရာသီမန္တလေးပန်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများဝင်ရောက်လျက်ရှိပြီး၊အရောင်း သွက် လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းပန်း(၅ခက်ပါ)၁စီးလျှင်၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့်ရောင်းချ လျှက်ရှိကြောင်းသိရှိရပါသည်။ဝါတွင်းကာလဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ နှင်းပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း