ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ ( ၄ ) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ  ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၃၅၀၀ ၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၀၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ ၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံး ၁၈ လုံးပါ အလုံးကြီး ကျပ် ၁၈၀၀၀၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၆၀ လုံးပါ အလုံးကြီး ကျပ် ၁၀၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၀၊ အောင်ပန်းမှ လိမ္မော်သီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၃၅၀ ၊ အောင်ပန်းမှ ထောပတ်သီး တစ်သေတ္တာ အလုံး ၃၀ လုံးပါ အလုံးကြီး ကျပ် ၂၀၀၀၀၊ မန္တလေးမှ သင်္ဘောသီး အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၈၀၀၊ ဘိုကလေး မှ ဌက်ပျောသီး (ဖီးကြမ်း) တစ်ဖီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀ ၊ ရှမ်းပြည်(မြောက်ပိုင်း)မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၄၆၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၀၊ ကျောက်ဆည်၊ ပြည်မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိပါသည်။

          ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင် ရောင်းချလျက်ရှိသော ကြက်/ဘဲ ဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်း စုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ကြက်အရှင်အိမ်မွေးကြက် ၁ ပိဿာလျှင် (125၀၀/၁3၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၁၀၀/၅၂၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၉၀၀၀)ကျပ်တို့ဖြင့်(၉.၁၀.၂၀၂၃)ရက်နေ့တွင် ‌တစ်ရက်လျှင် ကုန်ချိန် (၆၇၀၀၀)ပိဿာခန့် အဝင်ရှိ နေကြောင်းနှင့် ပထမအပတ်ထက် အဝင်များလာခဲ့ပြီး  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များသို့ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ထန်းတပင်မြို့၌ဖြစ်ပေါ်နေသော အုန်းသီးဈေးကွက်

     တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးရွာအုပ်စု ၃၅အုပ်စုရှိရာ ကျေးရွာအုပ်စု ၂၇အုပ်စုတွင် အုန်းသီးများထွက်ရှိပါသည်။ အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို ပင်လုံးပြတ်ဝယ်ယူပြီး အုန်းသီးခူးရန် အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ကျပ်ပေးရကြောင်းသိရပါသည်။

      ထန်းတပင်မြို့နယ်ထွက် အုန်းသီးများကို ထန်းတပင်မြို့မှတစ်ဆင့် မန္တလေး၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချပါသည်။ အုန်းသီးကားကို သီးခြားတင်ပို့ခြင်းမဟုတ်ဘဲ တွဲဖက်ကုန်များဖြင့် အဆင်ပြေသလို တင်ပို့ကြောင်းသိရပါသည်။

    ကားတစ်စီးလျှင် အလုံးရေ ၁၀၀၀လုံးမှ ၃၀၀၀လုံးအထိတင်ပို့ကြပါသည်။ အုန်းသီးများကို တစ်လလျှင် သုံးကြိမ်ခန့်တင်ပို့ရကြောင်း ထန်းတပင်မြို့၊ အုန်းသီးအဝယ်ဒိုင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၊ ညောင်ပင်ဈေးမှ ကျွဲကောသီး (ခေါ်) ရှောက်ပန်းသီးများ

      တောင်ငူမြို့၏အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ရာသီအလိုက်ထွက်ပေါ်လာသော သစ်သီးဝလံများ တောင်ငူမြို့သို့ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် ကျွဲကောသီးအဖြူသီးနှင့် အနီသီးများဝင်ရောက်လာပါသည်။

    ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်းခေါပြီး အရသာမှာ မချိုလွန်း/ မချဉ်လွန်းရှိသဖြင့် သကြာအနည်းငယ်နှင့်ရောစပ်ပါက ပို၍ကောင်းမွန်ပါသည်။ ကျွဲကောသီးသည် သွေးပျစ်ခြင်းကို ကာကွယ်ပေးကြောင်းသိရပါသည်။

     ကျွဲကောသီးပေါ်ခါစတွင် တစ်လုံးလျှင် အကြီး ၂၅၀၀ကျပ်၊ အလတ် ၂၀၀၀ကျပ်နှင့် အသေး ၁၅၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် အလုံးကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၁၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၈၀၀ကျပ်၊ နှစ်လုံးယူလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင်ဖြစ်ပေါ်နေသော သစ်သီးဈေးကွက်

   တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးကြီးအတွင်း သစ်သီးဆိုင်များတွင် ဒေသထွက်သစ်သီးများအပြင် အထက်အညာဒေနှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသော သစ်သီးများကို အများဆုံးရောင်းချလျက်ရှိပါသည်။

     ပန်းသီးမှာ အမျိုးအစားအလိုက် တစ်လုံးလျှင် ၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်၊ ဖရဲသီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ နာနတ်သီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ ဩဇာသီးမှာ တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရှိပါသည်။

     အထက်အညာဒေသမှ လာရောက်ရောင်းချသော ဖရဲသီးမှာ ဒေသဖရဲသီးထက် အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားကုန်တချို့ဈေးအတက်အကျရှိ

     တောင်ငူခရိုင်၊ ဖြူးမြို့၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလတွင် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ဧည့်မထ(မိုး)ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ ယခင်အောက်တိုဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်နီမှာ  ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ကျပ်၊ အလတ် ၃၃၀၀ကျပ်၊ အကြီး ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ကျပ်၊ အလတ် ၈၀၀၀ကျပ်၊ အကြီး ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     အာလူးမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်အထိ၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိပါသည်။

    ငရုတ်သီးခြောက်မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး  ကုလားပဲခြမ်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆံ(အနီ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

             

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ထောပတ်သီးများဝင်‌ရောက်

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်ထွက်သီးနှံဖြစ်သော ထောပတ်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် ထောပတ်သီးများရှားပါး၍ သစ်သီးဆိုင်များ၌ အရောင်းအဝယ်မရှိခဲ့ရာမှ ယခုကဲ့သို့ မိုးအကုန်နှင့် ဆောင်းအကူးကာလတွင် ထောပတ်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

    ထောပတ်သီးကို အအေးဆိုင်များတွင် ထောပတ်သီးဖျော်ရည်အဖြစ် တစ်ခွက်လျှင် အသီးပေါများမှုပေါ်မူတည်၍ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးဈေးနှုန်းများအနေဖြင့်  အကြီး/  အသေးပေါ်မူတည်၍ တစ်လုံးလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်လျက်ရှိပါသည်။

       ထောပတ်သီးဈေးကွက်အနေဖြင့် တောင်ငူမြို့ပေါ်ရှိ အအေးဆိုင်များမှ အဓိကဝယ်ယူလျက်ရှိကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

                                               

အုတ်တွင်းမြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်း

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်အတွင်း မိုးကောင်းစွာရွာသွန်းပြီး ရေကြီးရေလျှံမှုလည်းနည်းပါးသဖြင့် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခုအချိန်တွင် မိုးစပါးများရင့်မှည့်နေပြီဖြစ်ရာ တချို့ကျေးရွာများ၌ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။

    အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာ၊ သံဘိုကျေးရွာနှင့် ဇီကိုင်းကျေးရွာတို့တွင် ဧကအနည်းငယ် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရပါသည်။ ရိတ်သိမ်းပြီးစပါးများကို ချွေလှေ့စက်များဖြင့်ချွေ၍ စပါးပွဲစားများက ကွင်းအရောက်လာရောက်ဝယ်ယူပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စပါးပေါ်ခါစတွင် စပါးဈေးနှုန်းမှာ ကွင်းဈေး ၁၄၅၀၀၀၀ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၏ အုန်းသီး၊ ငှက်ပျောသီးဈေးကွက်

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ အုန်းသီးဆိုင်တွင် အုန်းသီးကြွက်မြီးပါ တစ်လုံးလျှင် ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ၁၅၀၀ကျပ်၊ ရိုးရိုးအုန်းသီး အခွံမပါ တစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို သောင်းပြောင်းတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ပင်ပြတ်ဝယ်ယူပါသည်။ အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ကျပ်ပေးရပါသည်။ အုန်းသီးဈေးနှုန်းမှာ ပုံမှန်အတိုင်းရှိပါသည်။

     ငှက်ပျောသီးဈေးနှုန်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဖီးကြမ်းတစ်ဖီးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ သီးမွှေးတစ်ဖီးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ရွှေနီတစ်ဖီးလျှင် ၄၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရှိပါသည်။

        မကြာမီ ဝါကျွတ်ကာလသို့ရောက်ရှိပြီး အလှူအတန်းပေါများတော့မည်ဖြစ်ရာ အုန်းသီး၊ ငှက်ပျောသီးဈေးနှုန်းများတက်လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                            

ဖြူးမြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအနေဖြင့် တိုက်ရိုက်အရောင်းဈေးပုံမှန်ဖွင့်လှစ်ရောင်းချ

    ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်နှင့်အသားငါးများကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့မဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ရောင်းချလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

    ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်ဥတစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်သား ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်၊ ဝက်သား ၁၀ကျပ်သားလျှင် ၁၃၀၀ကျပ်၊ အမဲသား ၁၀ကျပ်သားလျှင် ၁၂၀၀ကျပ်၊ ဆိတ်သား ၁၀ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ငါး ၁၀ကျပ်သားလျှင် ၉၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများကလည်း ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ကန်စွန်းရွက်တစ်စည်းလျှင် ၁၅၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၅၀ကျပ်၊ မုန်လာရွက်တစ်စည်းလျှင် ၂၅၀ကျပ်၊ ဖရဲသီးတစ်လုံးလျှင် ၁၅၀၀ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်းနှင့် တိုက်ရိုက်အရောင်းဈေးသို့ သက်ဆိုင်ရာဌာဆိုင်ရာများကကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း