ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၃.၁၀.၂၀၂၃ )

   ၃.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၃.၁၀.၂၀၂၃ )

     ၃.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၅/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အစေ့ထုတ်ပြောင်းများ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိ

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၇)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၇၃၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် အစေ့ထုတ်ပြောင်း တစ်တင်းလျင်(၁၃၀ဝိ/-)ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၂၄.၉.၂၀၂၃)ရက်နေ့ နံနက် ၀၈:၀၀နာရီတွင် ကန့်ဘလူခရိုင်စု ပေါင်းရုံး၌ စားအုန်းဆီများကို ကန့်ဘလူမြို့တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏ လက်ဝယ်အရောက် သက်သာဈေးနှုန်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေ ချောမွေ့စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်း (၅၃၀၀) ကျပ်ဖြင့် နိုင်ငံ့ဝန်ထမ်း(၁၈၇၀)ဦးအား ရောင်းချပေးခဲ့ကြောင်း ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်း ဈေးဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည် ဦးနွေဦး ထံမှသိရသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ဆန်၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက် ဝယ်ယူနိုင်ပါသည်။

         ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ငူမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်တစ်ပြည် လျှင် ၂၆၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့် လည်းကောင်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

         တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ခရမ်းသီး (အညို) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး (အစိမ်း) တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ ဂေါ်ဖီ တစ်ပိဿာ ၈၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၁၂၀၀ ကျပ်၊ နံနံပင် ၁၀ ကျပ်သား ၈၀၀ ကျပ်၊ ကုလားအော်သီး ၁၀ ကျပ်သား ၁၂၀၀ ကျပ်၊ ပန်းဂေါ်ဖီထုပ် တစ်ပွင့် ၇၀၀ ကျပ်နှင့် ရုံးပတီသီး (အတောင့် ၃၀ ပါ)တစ်စည်း ၂၅၀ ကျပ် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ သစ်သီးဈေးကွက်

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များတွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာသောသစ်သီးများ ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ် ၊စက်တင်ဘာလ(တတိယအပတ်)အတွင်း ပန်းသီးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ အမျိုးအစား ၄ မျိုး ရောင်းချပါသည်။

    နို့ပန်းသီး တစ်လုံးလျှင် ၁၅၀၀ ကျပ်၊ သခွားမွှေးသီး တစ်လုံးလျှင် ၅၀၀၀ ကျပ်၊ နာနတ်သီး တစ်လုံးလျှင် ၃၀၀၀ ကျပ်နှင့် ပန်းသစ်တော်သီး တစ်လုံးလျှင် ၃၅၀၀ ကျပ်၊ ယိုးဒယားလိမ္မော်သီးမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

      ပျားလိမ္မော်သီးမှာ အလုံးအကြီးအသေးအလိုက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ စပျစ်သီးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ဩဇာသီးမှာ အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အထိရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်‌ဈေး

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်စက်တင်ဘာလ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆန်(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆန်(နီ)တစ်တင်းလျှင် (၁၁၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၂)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆန်(ဖြူ)တစ်တင်းလျှင် (၁၀၇၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၃)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆန်(ဖြူ)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျင် (၈၉၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ထက် မြေပဲလုံးဆန်(ဖြူ)တစ်တင်းှင်(၁၇၆၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် ဒေသတွင်း ရာသီပေါ်ငါးများ ဈေးကောင်းရ

     တောင်ငူမြို့၊ ရွှေဆံတော်ဘုရားဈေးတွင် မိုးရာသီ၌ ဒေသအနီး ကျေးရွာများမှ လာရောက်ရောင်းချနေသော ရာသီပေါ်ဒေသတွင်းငါးများ ဈေးကောင်းရရှိနေပါသည်။ ယခုလို မိုးနှောင်းကာလ ရောက်ချိန်တွင် ပေါ်လာသော ငါးစရစ်၊ ငါးသလဲထိုး၊ ငါးနုဆန်းငါးများမှာ ဈေးကောင်းလျက် ရှိပါသည်။

      ငါးလေးများ၏ ဈေးနှုန်းများအနေဖြင့် ငါးစရစ်၊ ငါးသလဲထိုး တစ်ဆယ်သားလျှင် ၃၅၀၀ ကျပ်  နှင့် ငါးနုဆန်း တစ်ဆယ်သားလျှင် ၂၅၀၀ ကျပ်ဖြင့် ဈေးကောင်းလျက်ရှိကြောင်း တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးရှိ ဒေသတွင်းကျေးရွာများမှ လာရောက်ရောင်းချသော ငါးရောင်းချသူများထံမှ သိရှိရပါသည်။

     ယခုလိုရာသီတွင်မှပေါ်သော ငါးလေးများကို အိုးကပ်ချက်စားပါက ခံတွင်းစေမြိန်သော ဟင်းတစ်ခွက်ဖြစ်ပါသည်။ ထို့ပြင် အရိုးပါစားနိုင်သော ငါးလေးများသည် ညီညွတ်မျှတသော အာဟာရဓါတ်များကို ရရှိနိုင်ပါသည်။ မိခင်ကိုယ်ဝန်ဆောင်ချိန်မှ ကလေးအသက် နှစ်နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးကလေးများကို ပုံမှန်စားသုံးခြင်းဖြင့် အဟာရချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။ ထို့ကြောင့်နေ့စဉ်စားသုံးသော မိသားစုထမင်းဝိုင်းတွင် ရာသီပေါ် ဒေသတွင်းငါးလေးအိုးကပ်ဟင်းအား စားသုံးခြင်းဖြင့် ခံတွင်းမြိန်စေပြီး အာဟာရလည်းပြည့်ဝ ကျန်းမာရေးနှင့်လည်း ညီညွတ်မှုရှိနိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုမြို့၏စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ပဲတီစိမ်းဈေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ၂၀၂၃ခုနှစ် စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ တတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၉)တန်ဖြစ်ကြောင်း၊ စက်တင်ဘာလ၊ ဒုတိယပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဒုတိယပတ်၌ ပဲတီစိမ်းတစ်တင်းလျင်(၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်အပတ်အောက်ဈေးအနည်းငယ်ဈေးလျော့နည်းသည့်အပြင် ဝင်ရောက်မှုမှာလည်း ယခင်အပတ်အောက် လျော့နည်း သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း