ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ တောင်သူများ စပါးလက်ကျန်နည်းပါးလာသဖြင့် ခရိုင်အားလုံး ဈေးအနည်းငယ် တက်နေပါကြောင်း သိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဇူလိုင်လ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀၂,၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀၅,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၁၀၂,၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂,၆၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ် ၁၀၅,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁,၉၅၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁,၈၅၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၃,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၀၆၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၀၀,၀၀၀၊ နွေစပါး (ဒေသ မျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၀၂၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၀၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၅၅၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးမှ ဇူလိုင်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉,၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၊ စုစုပေါင်း အိတ်ရေ (၆၁,၃၀၀)အိတ်၊ တန်အားဖြင့် (၃,၀၆၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၆,၄၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၁,၈၀၀၊ စုစုပေါင်း အိတ်ရေ (၅၉,၃၀၀)အိတ်၊ တန်အားဖြင့် (၂,၉၆၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂,၀၀၀) တန်အားဖြင့် (၁၀၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                                

သာယာဝတီခရိုင်၏ ငရုတ်သီးစိမ်းဈေးကွက်

   သာယာဝတီခရိုင်အတွင်း မိုးငရုတ်အထွက်အများဆုံးဖြစ်သော မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များမှာ ငရုတ်သီးစိမ်းများလှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ငရုတ်သီးစိမ်းများစတင်၍ ခူးဆွတ်ချိန်ဖြစ်သည့် ဇွန်လတွင် ကိုင်းငရုတ်သီးစိမ်း ၁ပိဿာလျှင် (၆၀၀၀) ကျပ်၊ မိုးမျှော် (ပီနံသီး) ၁ပိဿာလျှင် (၈၀၀၀) ကျပ်ခန့်ရှိခဲ့ပြီး ငရုတ်သီးစိမ်းလှိုင်လှိုင်ပေါ်စပြုသော ဇူလိုင်လ၊ ပထမအပတ်တွင် ကိုင်းငရုတ်သီးစိမ်း ၁ပိဿာလျှင် (၄၀၀၀) ကျပ်၊ မိုးမျှော် (ပီနံသီး) ၁ပိဿာလျှင် (၆၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ တတိယအပတ်တွင် ငရုတ်သီးစီမ်းများလှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ကိုင်းငရုတ်သီးစိမ်း ၁ပိဿာလျှင် (၂၀၀၀) ကျပ်နှင့် မိုးမျှော်ငရုတ်သီး ပီနံသီးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဈေးနှုန်းတို့ရှိနေပါသည်။ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ငရုတ်သီးစိမ်းလှိုင်လှိုင်ပေါ်နေသော်လည်း ဈေးကွက်အတွင်းသို့ အဝင်နည်းပါးနေကြောင်းသိရှိရပါသည်။ ထိုသို့အဝင်နည်းပါးရခြင်းမှာ စိုက်ဧကနည်းခြင်း၊ သွင်းအားစုဈေးနှုန်းမြင့်မားခြင်းများကြောင့် စိုက်ပျိုးထွက်ရှိမှုနည်းပါးနေရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ‌နောက်ဆုံးပတ်၏ စပါး/ဆန် ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ဇူလိုင်လ တတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၅၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၂၅၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၆၅၀၀၊ တန်အားဖြင့် ၂၈၂၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၆၀၀၀၊ တန်အားဖြင့် ၂၈၀၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၀၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၅၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၈၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ကြိုပင်ကောက်မြို့မဈေးအတွင်း၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေး

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြို့တွင် (၁၇-၇-၂၀၂၃) ရက်နေ့မှစတင်၍  ကြိုပင်ကောက်မြို့မဈေးအနီး စည်ပင်သာယာရုံးရှေ့တွင် နံနက် (၈:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ကြီးကြပ်၍ အခြေခံလူတန်းစားပြည်သူများအတွက် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်မောင်ဌေး၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ စည်ပင်၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများပါဝင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆန်တစ်ပြည်လျှင် (၂၆၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၁၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၄၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ရာတွင် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၈.၂၀၂၃ )

     ၃.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

    လက်ပံတန်းမြို့မဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (တတိယအပတ်) ၌ ရောင်းချပေးလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၉၅၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၆၀၀) ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငရုတ်ခြောက် (အပု) တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကြက်ဥလက်လီဈေးနှုန်းများမှာ (ကြီး) တစ်လုံးလျှင် (၂၈၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၂၆၀) ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၈၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၃၅၀) ကျပ်စသည်ဖြင့် အသီးသီးရှိကြပါသည်။

    လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသောအသား/ငါးဈေးနှုန်းများမှာ မွေးမြူကြက် CP ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်အထိ၊ ဆိတ်သားတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်မှ (၂၅၀၀၀) ကျပ်ထိ၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်အထိတို့ဖြင့် အသီးသီးရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ဇူလိုင်လ (တတိယအပတ်) တွင် ပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်အထိ၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၃၀၀) ကျပ်မှ (၇၄၀၀) ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အခြေခံလူတန်းစားများအဆင်ပြေစေရန် ဝိုင်းဝန်းကူညီဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊  စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူရောင်းချသည့် အခြေခံစားသောက်ကုန်များနှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိပါသည်။

  ထိုသို့ရောင်းချရာတွင် (၁၄-၇-၂၀၂၃) ရက်နေ့မှစ၍ အခြေခံလူတန်းစားများကို စားအုန်းဆီတစ်ပိဿာလျှင် ၅၁၀၀ကျပ်ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် ဆီ၅၀ကျပ်သားတစ်ဘူးနှုန်းစီဖြင့် နေစဉ် နံနက် (၆:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်ရောင်းချလျက်ရှိပါသည်။

     အုတ်ဖိုမြို့၊ ဆီကုန်သည်ကြီးများအသင်းကလည်း ဆီ ၁ပိဿာလျှင် ၅၅၀၀ကျပ်ဈေးနှုန်းဖြင့် ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်သည့် ကြက်မောက်သီး

      ယခုအချိန်ရာသီကာလသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့  ကြက်မောက်သီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ကြက်မောက်သီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ မော်လမြိုင်မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ကြက်မောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ပဲခူးမြို့ဈေးကြီးမှ ကုန်သည်ကြီးများအနေဖြင့် အလုံး(၁၀၀)လျှင် ၁၃၀၀၀-၁၆၀၀၀ ကျပ်နှုန်းရှိကြောင်း သိရှိရပြီး လက်လီဈေးကွက်တွင် ကြက်မောက်သီးသည် လူကြိုက်များသည့် သီးနှံဖြစ်သောကြောင့် အလုံး(၁၀၀)လျှင် ၁၅၀၀၀-၂၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ တစ်နေ့လျှင် အရေအတွက်အားဖြင့်  အလုံး(၅၀၀) မှ (၈၀၀)ကျော်အထိ ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း