ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၇၅၀-၇၈၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၇၈၀၀ မှ ၈၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၅၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင်၂၄၀၀၀-၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဈေးအနည်ငယ်အေးနေပြီး ခရမ်းချဉ်သီးဈေး အနည်းငယ်ဈေးတက်နေပါကြောင်း၊  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကား ရောင်းချနေသောကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

     

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်၂၀၂၂ခုနှစ် ကာလတူဈေးထက် ယခု၂၀၂၃ခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၃၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၈၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (နောက်ဆုံး)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၂၃၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်မှ ခြောက်သောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၏ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးသီးနှံများကို အဓိကစိုက်ပျိုးပြီး ဆည်ရေပေးဝေနိုင်မှုပေါ်မူတည်၍ နွေသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ပဲတီစိမ်း(မိုးကြို) ခရိုင်ချုပ် (၃၀၅၈၀)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၁၀၀၂၂)၊ ဝက်လက်မြို့နယ်တွင်(၁၅၉)ဧက၊ ခင်ဦးမြို့နယ်တွင် (၂၀၃၉၉)ဧကစိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၁၅)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ် ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇွန်လ(လကုန်ပတ်)အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ(လကုန်ပတ်)ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၄၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၉၈)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင်(၄၄၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင် ယခင်နှစ်ထက် ပဲတီစိမ်းတစ်တင်းလျှင်(၁၀၀၀ဝိ/-)ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ စတုတ္ထပတ်နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက စတုတ္ထပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ သဖြင့် လကုန်ပတ်တွင် စတုတ္ထပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင်(၂၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

  ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ဇွန်လ( ၁၆ )ရက်နေ့မှ (၂၈)ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင်(၇၁၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၁၅၀၀) ကျပ်၊ ကွန်ပေါင်း(15:15:15) (50)kg တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ် လျှင်(၁၂၀၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ပုလင်းလျှင် (၁၀၅၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ပုလင်းလျှင် (၂၂၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီ တစ်ပုလင်းလျှင် (၂၀၅၀၀)ကျပ် ၊ IZ (၅၀၀)စီစီ တစ်ပုလင်းလျှင် (၁၈၀၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

ရွှေဘိုခရိုင်၏ နွေနှမ်းစိုက်ပျိုးထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးသီးနှံများကို အဓိကစိုက်ပျိုးပြီး ဆည်ရေပေးဝေ နိုင်မှုအပေါ်မူတည်၍ နွေသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေနှမ်း ခရိုင်ချုပ် (၇၄၃၄၈)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၇၇၅၃)ဧက၊ ဝက်လက်မြို့နယ်တွင်(၆၆၄၀၂)ဧက၊ ခင်ဦးမြို့နယ် တွင်(၁၉၃)ဧကစိုက်ပျိုးထားကြောင်း၊ နွေနှမ်းအနေဖြင့် စိုက်ပျိုးပြီး အသီးစတင်သီးသည့်အချိန်တွင် မိုခါမုန်တိုင်းဒဏ်ခံရသဖြင့် သီးနှံတစ်ဧကအထွက်နှုန်း လျော့နည်းခဲ့ကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၉)တင်းခန့်သာထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇွန်လ(လကုန်ပတ်)အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နွေနှမ်းမှာ မေလ၊ စတုတ္ထပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့ကြောင်း၊ ဇွန်လ(လကုန်ပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ (လကုန်ပတ်)တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်းလျှင် (၁၁၂၀၀ဝိ/-) ပေါက်ဈေးရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ(၂၂၀၀)တင်း/ (၅၃)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက် တစ်တင်းလျှင် (၇၇၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် နှမ်းတစ်တင်းလျှင် (၃၅၀၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ဇွန်လ(စတုတ္ထပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက စတုတ္ထပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် နောက်ဆုံးပတ်တွင် စတုတ္ထပတ်အောက် နှမ်းနက်တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၇.၂၀၂၃ )

       ၅.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဇွန်လ နောက်ဆုံးအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၇၀၀) ကျပ် မှ (၂၈၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၁၀၀၀) ကျပ်မှ  (၁၂၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ဇွန်လ နောက်ဆုံးအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကို  နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၂၀၀)ကျပ်၊ ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     ပို့ကုန်အနေဖြင့် (၁၀.၆.၂၀၂၃ မှ ၁၆.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၃၅)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၁၁၄.၉၁၂)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၄၆)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၈၁) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၇.၆.၂၀၂၃ မှ ၂၃.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၉)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၆၉.၇၇၆)၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၁၄၉)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၆၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၁၁၃) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း