ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၂၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၇၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၃၅၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ကျိုင်းတုံမြို့တွင် ဇွန်လ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၃၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရှိရပါသည်။

   ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် မေလ စတုတ္ထပတ်နှင့် နှိုင်းယှဉ် ပါက ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ငရုတ်သီးခြောက်၊ ခရမ်းချဉ်သီး၊ အာလူး၊ မန်ကျည်းသီးမှည့်၊ ချင်းနှင့် စားအုန်းဆီဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

“ဇွန်လအတွင်း သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများမှာ ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၄၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၁၁၃၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်မှ ၇၈၀၀ကျပ်အထိရှိခဲ့ပါသည်။ ဇွန်လ၊ ဒုတိယအပတ်အတွင်း ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၂၅၅၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၈၈၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၂၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်မှ ၇၈၀၀ကျပ်အထိဖြစ်ခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်အတွင်း ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၂၁၅၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၈၉၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၈၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်အတွင်း ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၂၄၀၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၈၂၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၉၀၀ကျပ်မှ ၂၅၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၃၀၀ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်အတက်အကျဖြစ်လျက်ရှိ၍ ကြက်သွန်ဖြူဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေကြောင်း ဈေးတာဝန်ခံရုံးမှသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၊ ကျိုက်ကော်မှ မင်းကွတ်သီးအလုံးကြီးတစ်ခြင်းလျှင် ကျပ်၂၅၀၀၀၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၆၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၁၀၀၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ တိုက်ကြီးမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီးတစ်ခြင်းလျှင် ကျပ်၂၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ ရေးမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၆၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်၆၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

ကွမ်းခြံကုန်းမြို့နယ်၊ ထုတ်ကုန်လင်္ကာဒီပပဲမုန့်အကြောင်း တစေ့တစောင်း

    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၏ ထုတ်ကုန်တစ်ခုဖြစ်သော လင်္ကာဒီပပဲမုန့်မှာ စားသုံးသူများအကြားတွင် လူသိများပြီး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူစားသုံးနိုင်သော ပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်ပေသည်။

     လင်္ကာဒီပပဲမုန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ၂၀၀၉ခုနှစ်တွင် ကွမ်းခြံကုန်းမြို့နယ်၊ အမှတ် (၉၅)၊ ဈေးပိုင်းရပ်ကွက်နေ ဦးမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်အုန်းတင်တို့က စတင်ဆောင်ရွက်ခဲ့ပါသည်။ လင်္ကာဒီပပဲမုန့်လုပ်ငန်း၏ အစပြုရာသည် လင်္ကာဒီပလက်ဖက်ရည်ဆိုင်မှဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဇနီးမောင်နှံနှစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အကြောင်းမှာ လင်္ကာဒီပပဲမုန့်ထုတ်လုပ်ရေးလုပ်ငန်းကို စတင်မဆောင်ရွက်မီတွင် ၎င်းတို့ဇနီးမောင်နှံမှာ လင်္ကာဒီပအမည်ဖြင့် လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ဆိုင်အား စတင်ဖွင့်လှစ်ခဲ့သည့်အတွက်ဖြစ်ပါသည်။ မိသားစုဝင်အရေအတွက်များပြားလာခြင်း၊ ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ ဈေးကွက်အတွင်း ထုတ်ကုန်အသစ်များတီထွင်ထုတ်လုပ်လိုခြင်းကြောင့်လည်းကောင်း၊ လက်ဖက်ရည်ဆိုင်အတွင်း လာရောက်စားသုံးသူများအား အနည်းအကျဉ်းထုတ်လုပ်ရောင်းချရာမှတစ်ဆင့် စားသုံးသူများ၏ နှစ်ခြိုက်မှုများလာခြင်းကြောင့်လည်းကောင်း ပဲမုန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်းသိရှိရပါသည်။

     လင်္ကာဒီပပဲမုန့်ကို ပဲ၊ ဂျုံ၊သကြားတို့ဖြင့်ရောစပ်၍ အဓိကထုတ်လုပ်ထားပြီး တစ်ရက်လျှင် ပဲမုန့်ခုရေ (၁၅၀၀၀) ခန့်ထုတ်လုပ်လျက်ရှိသည်။ တစ်ရက်ရောင်းအားမှာ တစ်ဘူးလျှင် ပဲမုန့်(၁၀)ခုပါ ဘူးရေ (၁၅၀၀) ခန့်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ရောင်းချသည့်ဈေးနှုန်းအနေဖြင့် တစ်ဘူးလျှင် (၂၃၀၀) ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ကွမ်းခြံကုန်းမြို့နယ်နှင့်ဆက်စပ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀) မှ ကျပ် (၁၃၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၈၀၀) မှ ကျပ် (၁၆၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၆၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၃၅၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၅၀၀) မှ ကျပ် (၁၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၆၀၀) အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင် ကျပ် (၂၂၀၀) မှ ကျပ် (၂၃၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၇၂၀၀) မှ ကျပ် (၇၅၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၈၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၆၀) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀) မှ ကျပ် (၁၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၃၀၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၆၀၀၀) အတွင်းဖြစ်ကြောင်း၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၂၃၅၇၀၀) ကျော်၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် (၁၈၀၃၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၂၃၉၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၇၀၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၆၇၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၃၆၀၀) ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၈၇၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များ၏ ဈေးနှုန်းများမြင့်တက်လာ

    ၂၀၂၃ခုနှစ် ဇွန်လ၊  နောက်ဆုံးအပတ်၌ စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော   ပေါ်ဆန်း  ၂၄ပြည်ပါ     တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) မှ ကျပ် (၁၀၀၀၀၀)   အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ကျပ် (၈၄၀၀၀) မှ ကျပ် (၈၆၀၀၀) အတွင်း၊ ငစိန်ဆန်  ၂၄ ပြည်ပါ   တစ်အိတ်လျှင် ကျပ် (၇၀၀၀၀) မှ ကျပ် (၇၂၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  ၁၀ပိဿာဝင်  တစ်အိတ်လျှင် ကျပ် (၇၈၀၀၀) မှ ကျပ် (၈၀၀၀၀) အတွင်း၊ ကြက်သွန်နီ  ၁၀ပိဿာဝင်  တစ်အိတ်လျှင် ကျပ် (၂၃၀၀၀) မှ ကျပ် (၂၄၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၇၅၀၀) မှ ကျပ် (၇၈၀၀)  အတွင်း၊  ငရုတ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် (၁၅၅၀၀) မှ ကျပ် (၁၆၀၀၀) အတွင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၃၀၀)  အတွင်း၊  ခရမ်းသီးတစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၄၅၀၀) မှ ကျပ် (၄၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၂၂၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ အာလူး (အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၃၈၀၀) အတွင်း၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် (၅၈၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ချဉ်ပေါင်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ကန်စွန်းရွက်တစ်စည်းလျှင်  ကျပ် (၂၅၀) မှ ကျပ် (၃၀၀) အတွင်း၊  စားအုန်းဆီတစ်ပိဿာလျှင်  ကျပ် (၇၄၀၀) မှ ကျပ် (၇၆၀၀) အတွင်း၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၂၀၀၀) မှ ကျပ် (၂၄၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး မေလအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဇွန်လအတွင်း အခြေခံစားကုန်များမြင့်တက်လာရခြင်းမှာ မေလတွင်တိုက်ခက်ခဲ့သော မိုခါမုန်တိုင်းကြောင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါ၍ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း  ဈေးဆိုင်/ပွဲရုံများထံမှသိရပါသည်။

DOCA(ရခိုင်)

                                               

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၂၁-၆-၂၀၂၃) ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၇-၆-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ (၅၈၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၁၈၀၀)ဖြစ်၍ ကျပ်(၆၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(H-L)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)မှ ကျပ်(၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀)မှ  ကျပ်(၉၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြစ်သည့် ပဲစဉ်းငုံ(နီ)(၇၀၀)အိတ်၊ မတ်ပဲ(၂၁၀)အိတ်၊ ကုလားပဲ(H-L) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၇၀) အိတ်၊ ပဲကြီး(၆၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် လည်းကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြစ်သော မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်းသိရှိရပါသည်။

 DOCA(မကွေး)         

မြို့သစ်မြို့နယ်၌ နွေစပါးများစတင်ရိတ်သိမ်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ လယ်မြေဧက (၅၇၈၅၁) ဧက၊ ယာမြေဧက (၉၀၇၁၆) ဧကနှင့် ကိုင်းကျွန်းမြေဧက (၁၀၅၆) ဧကများပေါ်တွင် စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့် မြေပဲ စသည့်သီးနှံများကိုစိုက်ပျိုးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်တွင် နွေစပါးစိုက်ဧက (၇၀၀၀) ဧကရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့သစ်မြို့နယ်တွင် (၂၅၄၅) ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ စပါးကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပါကြောင်း၊ ယခု ဇွန်လအလယ်မှစတင်၍ နွေစပါးများရိတ်သိမ်းလျက်ရှိပြီး စပါး (၁) တင်းလျှင် ကျပ် (၁၅၀၀၀) မှ ကျပ် (၁၆၀၀၀) အထိအရောင်းအဝယ်ရှိကြောင်း၊ ယခင်၂၀၂၂ခုနှစ်တွင် နွေစပါးစိုက်ဧကမှာ (၇၈၀၀) ဧကရှိပြီး စပါးတစ်တင်းလျှင် ကျပ် (၇၅၀၀) ဖြင့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ တောင်သူအများစုမှာ ရတနာတိုးစပါးမျိုးသာစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးမှုအောင်မြင်ခဲ့ပြီး (၁) ဧကလျှင် စပါး (၇၅) တင်း၊ (၈၀) တင်းထွက်ရှိ၍ (၁)ဧကအကျိုးအမြတ်အနေဖြင့် ကျပ် (၆၀၀၀၀၀) ခန့်ရရှိကြောင်း တောင်သူများ၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း