ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ အင်ဥများစတင်ရောင်းချ

    တောင်ငူမြို့၊ ညောင်ပင်ဈေးတွင်၊ အင်ဥများပေါ်နေပြီဖြစ်ပါသည်။ အင်ဥသည် အင်ပင်များ၏ အောက်ရှိအမြစ်များနှင့် ဆက်စပ်နေသောမှိုတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥများကို ပဲခူးရိုးမတစ်ကြောတွင် ယခုကဲ့သို့ မိုးဦးကာလတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်သာတွေ့ရှိရပါသည်။

    အင်ဥတူးသူများအနေဖြင့် မြေကြီးထဲရှိ အင်ဥအား ဝါးပြားနှင့်ကလော်ယူ၍ ရရှိလာသောအင်ဥများအား စုဆောင်းပြီး မြို့ပေါ်ရှိဈေးများသို့ ကိုယ်တိုင်လာရောက်ရောင်းသူများရှိသကဲ့သို့ ဖောက်သည်သွင်း၍ ရောင်းချသူများလည်းရှိပါသည်။ တောင်ငူမြို့သည် ပဲခူးရိုးမတောင်တန်းကြီး၏အနီးတွင် တည်ရှိသောကြောင့် ယခုကဲ့သို့ အင်ဥပေါ်သောရာသီတွင် တောင်ငူမြို့ပေါ်ရှိဈေးများ၌ အင်ဥရောင်းချသူများပေါများလျက်ရှိပါသည်။

    အင်ဥအား ရေ (၂) နာရီခန့်စိမ်ပြီးမှ စကာနှင့်တိုက်၍ ဆေးကြောသန့်စင်ပြီးလျှင် ဓားဖြင့်ပါးပါးလှီး၍ ကြော်စားရသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် အင်ဥအား နို့ဆီဘူး (၁) ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချပေးနေပါသည်။ ပေါ်ခါစဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်မားနေသော်လည်း အင်ဥလှိုင်လှိုင်ပေါ်သော ရှေ့လများတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ ဖလံတောင်ဝှေးများပေါ်ပြီ

   တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးရာသီစာ ဖလံတောင်ဝှေးများပေါ်နေပြီဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ (၁၂) လရာသီတွင် ရာသီစာ အစားအစာများပေါ်စမြဲဖြစ်ပါသည်။ မြန်မာလူမျိုးများသည်လည်း တစ်နှစ်တွင် တစ်ခါသာပေါ်သော ရာသီစာ အစားအသောက်များကို နှစ်ခြိုက်စွာစားသုံးကြစမြဲဖြစ်ပါသည်။

     ဖလံတောင်ဝှေးများသည် ယခုကဲ့သို့ မိုးရာသီတွင် မိုးကျလာပါက တောထဲ၌ အစို့လေးများထွက်ကာ အပြိုင်အဆိုင်ကြီးထွားလာကြပါသည်။ တောထူသောနေရာဒေသအနှံ့အပြားတွင် အလေ့ကျပေါက်သောအပင်တစ်မျိုးဖြစ်ပါသည်။ တောင်ငူဒေသရှိ ကျေးလက်နေပြည်သူများသည် ယခုကဲ့သို့ မိုးရာသီအခါတွင် တောထဲ၌ အလေ့ကျပေါက်သောဖလံတောင်ဝှေးများအားချိုး၍ ဟင်းလျာအဖြစ်၍ ချက်ပြုတ်စားသောက်ကြသည့်အပြင် မြို့ပေါ်ရှိဈေးများသို့ လာရောက်ရောင်းချခြင်းများလည်းရှိကြပါသည်။ 

 ဖလံတောင်ဝှေးများသည် အစိမ်းရောင်အရိုးရှည်ရှည်လေးများရှိပြီး ၎င်းအား ကြော်စား၍သော်လည်းကောင်း၊ ချက်စား၍သော်လည်းကောင်း စားသုံးနိုင်ပြီး ဝက်သားနှင့်တွဲဖက်၍ ကြော်စားရာတွင်လည်း အင်မတန်ကောင်းမွန်သော ဟင်းတစ်ခွက်ဖြစ်ပါသည်။ မိုးအေးအေးလေးတွင် ဖလံတောင်ဝှေးကြော်သည် ထမင်းမြိန်စေသောဟင်းတစ်ခွက်ဖြစ်ပါသည်။ ဖလံတောင်ဝှေးများမှာ ရာသီစာများအား နှစ်ခြိုက်စွာစားသုံးကြသော မြန်မာလူမျိုးအတွက် ထမင်းဝိုင်းတွင် နေရာယူသော ရာသီစာအရံဟင်းတစ်ခွက်ဖြစ်ပါသဖြင့်  ပေါ်ဦးပေါ်ဖျားတွင် ရောင်းအားကောင်းလျက်ရှိပါသည်။

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် တောင်ငူမြို့အနီးတဝိုက်ရှိ ကျေးလက်ဒေသများမှ လာရောက်ရောင်းချသော ဖလံတောင်ဝှေးများရှိသည့်အပြင် ရန်ကုန်မှတင်ပို့ရောင်းချသော ဖလံတောင်ဝှေးများလည်းရှိကြောင်း သိရှိရပါသည်။ ဒေသထွက်ဖလံတောင်ဝှေးများမှာ သေးသွယ်ပြီး ရန်ကုန်ဘက်မှဝင်ရောက်လာသော ဖလံတောင်ဝှေးများမှာ တုတ်ခိုင်၍ ထွားကြိုင်းပါသည်။ ဒေသထွက် ဖလံတောင်ဝှေးအချာင်း (၉) ချောင်းခန့်ပါ တစ်စည်းလျှင် (၅၀၀) ကျပ်နှင့် ရန်ကုန်ဘက်မှတင်ပို့သော ဖလံတောင်ဝှေး (၈ )ချောင်းခန့်ပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၉.၆.၂၀၂၃ )

   ၂၉.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၆.၂၀၂၃ )

      ၂၈.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အုတ်တွင်းမြို့နယ်ရှိ ရခိုင်ငှက်ပျောသီးဈေးကွက်

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ငှက်ပျောသီးဈေးကွက်တွင် ယခု၂၀၂၃ခုနှစ်၊ ဇွန်လ၊ နောက်ဆုံးအပတ်တွင် ရခိုင်ငှက်ပျောသီးများမှာ ဈေးကောင်းရနေပါသည်။ ရခိုင်ငှက်ပျောသီးမှာ ဘာသာရေးပွဲများဖြစ်သည့် ဘုရားပွဲ၊ နတ်ပွဲများတွင် အသုံးပြုသဖြင့် အလှူမင်္ဂလာပွဲရာသီချိန်များနှင့် နတ်ပွဲရာသီချိန်များတွင် ရောင်းအားကောင်းပါသည်။

   အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်ရှိ တောင်ယာစိုက်ခင်းများမှထွက်ရှိသော ရခိုင်ငှက်ပျောသီးများကို ဆိုင်ကယ်ကယ်ရီများဖြင့်သယ်ယူ၍ အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်းမြို့မဈေး၊ ကျွဲပွဲဈေးနှင့် ညောင်ခြေထောက်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။

  ယခုအချိန်တွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ ဝါတွင်းကာလမရောက်မီ နတ်ပွဲများတင်ပြီး ပူဇော်ပသသည့်အချိန်ဖြစ်သဖြင့် ရခိုင်ငှက်ပျောသီးများရောင်းအားကောင်းလျက်ရှိရာ အဖီးအကြီးတစ်ဖီးလျှင် ၁၀၀၀ကျပ်၊ အဖီးအလတ်တစ်ဖီးလျှင် ၈၀၀ကျပ်နှင့် အဖီးအသေးတစ်ဖီးလျှင် ၆၀၀ကျပ်တို့ဖြင့်ရောင်းချနေကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ရှိ ဒညင်းသီးဈေးကွက်

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဝင်ရောက်လာသော မော်လမြိုင်မြို့မှ ဒညင်းသီးများမှာ ပြုတ်ပြီး ဆီစိမ်၍ စားလျှင်ဖြစ်စေ၊ ချက်စားလျှင်ဖြစ်စေ အလွန်စေးသောဒညင်းသီးဖြစ်ပါသည်။ သံတောင်ဒညင်းသီးမှာ အဝင်နည်းနေပါသေးသည်။

     မော်လမြိုင်ဒညင်းသီး အသေး (၁) ပြည်လျှင် ၂၅၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၂၀၀၀ကျပ်၊  ၁၀လုံးယူလျှင် ၃၀၀၀ကျပ်၊ အလတ် (၁) ပြည်လျှင် ၄၀၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၃၀၀၀ကျပ်၊ ၁၀လုံးယူလျှင် ၅၀၀ကျပ်၊ အကြီး (၁) ပြည်လျှင် ၅၅၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၄၅၀၀ကျပ်၊ ၁၀လုံးယူလျှင် ၇၀၀ကျပ်၊ ဒညင်းဝက် (၁၀) လုံးယူလျှင် ၆၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     မော်လမြိုင်ဒညင်းသီးမှာ သံတောင်ဒညင်းသီးထက် လူကြိုက်ပိုများကာ အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇွန်လ (တတိယပတ်) အတွင်း ရွှေဘိုမြို့နယ်၏ အခြေခံစားကုန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်းဆန် (၁)ပြည်လျှင် (၄၈၀ဝိ/-)ကျပ်နှင့် ဧရာမင်းဆန်(သစ်) (၁)ပြည်လျှင် (၄၈၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) (၁)ပိ ဿာလျှင် (၂၀၀ဝိ/-)ကျပ်၊ (လတ်) (၁)ပိဿာလျှင် (၁၈၀ဝိ/-)ကျပ်နှင့် (သေး) (၁)ပိဿာလျှင် (၁၅၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)(၁)ပိ ဿာလျှင် (၈၀၀ဝိ/-)ကျပ်မှ (၉၀၀ဝိ/-)ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူ (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ် မှ (၈၀၀ဝိ/-)ကျပ်ထိ၊ (ကြူကုပ်) (၁)ပိဿာလျှင် (၅၀၀ဝိ/-)ကျပ်မှ (၆၀၀ဝိ/-)ကျပ်ထိ၊ ချင်း (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်မှ (၁၀၀၀ဝိ/-)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် အမျိုးအစားအလိုက် (၁၇၀၀ဝိ/-) ကျပ်မှ (၁၈၀၀ဝိ/-)ကျပ်ထိ၊ အာလူး (၁)ပိဿာလျှင် (၂၄၀ဝိ/-) ကျပ်မှ (၃၂၀ဝိ/-)ကျပ်ထိနှင့် ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဉလက်လီဈေးနှုန်းမှာ (ကြီး) (၁)လုံးလျှင် (၃၀ဝိ/-)ကျပ်၊ (သေး) (၁)လုံးလျှင် (၂၅ဝိ/-) ကျပ်၊ ဘဲဉ(ကြီး) (၁)လုံးလျှင် (၃၀ဝိ/-)ကျပ်နှင့် (သေး) (၁)လုံးလျှင် (၂၅ဝိ/-)ကျပ်တို့ ရှိပါသည်။

    ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) (၁)ပိဿာလျှင်(၁၀၀၀ဝိ/-)ကျပ်မှ (၁၂၀၀ဝိ/-)ကျပ်ထိ၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်မှ (၁၅၀၀ဝိ/-)ကျပ်ထိ၊ ဝက်သား (၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်မှ (၂၂၀၀ဝိ/-)ကျပ်ထိ၊ အမဲသား (၁)ပိဿာလျှင်(၁၆၀၀ဝိ/) ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၇၅၀ဝိ/-)ကျပ်နှင့် ငါးကြင်း (၁)ပိဿာလျှင်  (၇၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ၍ပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် (၁)ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၆၀ဝိ/-)ကျပ်နှင့် နှမ်းဆီ (၁)ပိဿာလျှင် (၁၅၀၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူ၊ ကျွန်းလှ ဒေသတို့၏ ရာသီစာ မှိုစေ့ (ခေါ်) အင်ဥ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

   စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့၏ ရာသီသီးနှံများအကြောင်းကို လည်း လစဉ် အပတ်စဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ရာသီစာဖြစ်သော မှိုစေ့(ခေါ်)အင်ဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အင်ဥသည် မိုးရာသီတွင် ပေါ်ပေါက်ပြီး စား၍အကောင်းဆုံအချိန်မှာ မှိုစေ့ (ခေါ်)အင်ဥ စပေါ်ပြီး (၄/၅/၇)ရက်အတွင်းသာ နုပြီးစားလို့ကောင်းကာ ဈေးကောင်းလည်းရရှိပါသည်။ စပေါပြီးရက်အနည်းငယ်ကြာလျှင် ကြမ်းလာပြီး အဝါးရခက်လာကာ အရသာမရှိတော့သဖြင့် ပေါ်ခါစအချိန်တွင် ဈေးကောင်းပေး၍ စားသုံးသူပြည်သူများက ဝယ်ယူစားသောက်ကြကြောင်း သိရှိရပါသည်။ တခြားဒေသများတွင် အင်ဥ နို့ဆီတစ်ဘူးလျှင်(၄၅၀၀)ကျပ်အထိ ရောင်းချနေတာ တွေ့ရှိရသော်လည်း မိမိတို့ဒေသ ကန့်ဘလူမြို့၊ ကျွန်းလှမြို့တွင် ညနေပိုင်း (၄/၅)နာရီဝန်းကျင် မဟာရွှေစည်ကြီးဘုရား ညနေဈေးတန်းတွင် နို့ဆီတစ်ဘူးလျှင် (၂၀၀၀)ကျပ် တစ်ပြည်လျှင်(၁၅၀၀၀)ကျပ်ဖြင့် လာရောက်ရောင်းချနေကြောင်းနှင့် လတ်တလော မိသားစု စားဝတ်နေရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း မှိုစေ့ (ခေါ်)အင်ဥ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း