ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ‌တတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများတည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ၊အ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၇၉၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၉၅၀၀အိတ်၊ တန်အားဖြင့် ၂၉၇၅တန်စီးထွက်ခဲ့ပါသည်။ ဇူလိုင်လ၊ တတိယအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၅၄၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၆၅၀၀အိတ်၊ တန်အားဖြင့် ၂၈၂၅တန်စီးထွက်ခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၃၀၀၀အိတ်၊ တန်အားဖြင့် ၁၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။

    ဇူလိုင်လ၊ တတိယအပတ်တွင် ဖြစ်ပေါ်နေသောစပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၂၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၂၅၀၀၀၀၀၊ ဧရာမင်းဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်  ရွှေဝါထွန်း (နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၅၅၀၀၀၀နှင့် ရွှေဝါထွန်းဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၄၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၇.၂၀၂၃ )

     ၂၄.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ဇူလိုင်လ ဒုတိယအပတ်တွင် ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ဇူလိုင်လ ဒုတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း (ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်) (တစ်အိတ်)လျှင် ၁၀၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်) (တစ်အိတ်)လျှင် ၁၀၀၀၀၀ ကျပ်၊ ဧည့်မ ထဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ (တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၁၅၀-၇၂ ၀၀ကျပ်၊ ဆား (တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၇၈၀၀ မှ ၈၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၂၀၀ မှ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင်၂၄၀၀၀-၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး (၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။

   ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဈေးနှုန်းများ ဈေးအေးနေပါကြောင်း၊   စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိ ရသည်။    

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၉၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခွဲ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၁၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၃၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၃၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ သုံးသောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၈၅၀၊ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၉၀၀၊ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၆၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၈၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူ၊ ကျွန်းလှ ဒေသတို့၏ ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

   စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့၏ ရာသီသီးနှံများအကြောင်းကိုလည်း လစဉ်၊ အပတ်စဉ် တင်ပြလျက်ရှိပါသည်။ ယခုဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့တွင် တစ်ပိုင်တစ်နိုင်မျှသာ စိုက်ပျိုးကြပြီး ပန်းထိမ်ငို(ခေါ်) ပန်းထိမ်မနိုင်ပန်းများသည် တစ်ခါစိုက်ပျိုးပြီးပါက နှစ်စဉ်စိုက်ခင်းသစ်များ ပြန်လည်စိုက်ပျိုးရန်မလိုဘဲ သူ့ရာသီချိန်ရောက်လျှင် အပင်များပြန်လည်ထွက်ပေါ်လာကာ အပင်ပွားများကို သားခွဲစိုက်ပျိုးပေးရပါသည်။  မိုးရာသီတွင် ပေါ်ပေါက်ပြီး ဇွန်လဝက် လောက်မှာ ဈေးကွက်ဝင် ပန်းခိုင်များစပေါ်ပြီး (၂)လ လောက်သာ ထွက်ရှိပါသည်။ ပန်းထိမ်ငို(ခေါ်) ပန်ထိမ်မနိုင်ပန်းများဟာ မိုးရေကို ပိုမိုကြိုက် နှစ်သက်ပါကြောင်း၊ ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းသည် အဖြူရောင်၊ ဗေဒါရောင်၊ ခရမ်းပုတ်ရောင်ဟူ၍ (၃)ရောင်လောက်ရှိပါသည်။ပန်တိမ်ငို (ခေါ်) ပန်ထိမ်မနိုင်ပန်းများကို သူ့ချည်းသက်သက် စိုက်ပျိုးကြသူများရှိသလို နှစ်ရှည်ပင်များကြားတွင် ကြားညှပ်စိုက်ပျိုး ကြသူများလည်း ရှိပါသည်။ ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများကို စိုက်ပျိုးရာတွင် အပင်နှင့်အခက်များ ကြီးထွားစေရန်အတွက် အပင်နှင့်အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါဒဏ်ကာကွယ်ရန်အတွက် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ သုံးစွဲပေးရကြောင်း သိရှိရပါသည်။

   ပန်းထိမ်ငို (ခေါ်) ပန်းထိမ်မနိုင်ပန်းများသည် ဇွန်လဆန်းပိုင်းတွင် ပန်းတစ်ခိုင်လျှင် (၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချရပြီး ယခုဇူလိုင်လမှာဆိုလျှင် လှိုင်လှိုင်ပေါလာပြီဖြစ်သဖြင့် (၃၀၀/၃၅၀)ကျပ်နှုန်း ဝယ်ယူ ရောင်းချလျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးရှိ ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“နွေနှမ်းများရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းအခြေအနေ”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများအောင်မြင်စွာ စိုက်ပျိူးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင်(၃၀၉၀၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၀၉၅၆)ဧကနှင့် မြစ်သားမြို့နယ် တွင် (၂၈၉၂၉)ဧက စုစုပေါင်း နွေနှမ်းစိုက်ဧက(၈၀၇၈၉)ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုအချိန်တွင် နွေနှမ်းများအောင်မြင်စွာ ရိတ်သိမ်းပြီးဖြစ်ပါသည် ။ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၃/၁၄)တင်းထွက်ရှိကြောင်း၊ နွေနှမ်း တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၆၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးမှာ နှမ်းဖြူမျိုးဖြစ်ပါသည် ။ နှမ်းဖြူမျိုးများကို အများဆုံးစိုက်ပျိုးရခြင်းမှာ တခြားနှမ်းမျိုးထက် ဈေးနှုန်းကောင်းမွန်ခြင်း၊ အထွက်နှုန်းကောင်းခြင်းတို့ကြောင့် တောင်သူအများစုမှာ နှမ်းဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၅၉၀၀၀/)ကျပ်၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင်(၅၄၀၀၀/)ကျပ်၊ နှမ်းနက်စမုံ တစ်တင်း လျှင်(၅၂၀၀၀/)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင် (၅၄၀၀၀/)ကျပ် ဈေးနှုန်းများရှိပြီး ယခုလက်ရှိ နှမ်း ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၁၉၀၀၀/)ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်း (၉၀၀၀၀/)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုလက်ရှိ နှမ်းဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၄၅၀၀/)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ နှမ်းဈေးနှုန်းနှင့် နှမ်းဆီဈေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသော တောင်သူများအတွက် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း