ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(တတိယ)ပတ် ဈေးနှုန်းဈေးကွက်အခြေအနေ

           ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၃)သိန်းခန့် ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ယခုဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်)(၁၇၂၅ မှ ၁၈၅၀)ကျပ်၊ အလတ်စ(၁၆၅၀ မှ ၁၇၀၀)ကျပ်၊ အနိမ့်ဈေး( ၁၆၀၀ မှ ၁၅၅၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇူလိုင်(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် (၁၈၀၀ မှ ၁၈၇၅)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်)နှင့် အလတ်စမှာ (၂၅)ကျပ်နှင့် (၅၀)ကျပ်ဈေးကျ၍ အသေးစမှာ(၅၀)ကျပ် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီ ဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည် စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရသည်။ ယခု ဇူလိုင်လ(တတိယ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ (၄)သိန်းခန့်၊ (၁၃၃၃၂)အိတ်၊ တန်ချိန်(၆၅၃)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစားအရည် အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၂၀၀ မှ ၁၆၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။  

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၇.၂၀၂၃ )

   ၂၆.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပဲငံပြာရည်ထုတ်လုပ်ပုံအကြောင်းသိကောင်းစရာ

    မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် သန်းပေါင်းများစွာသောလူသားများအတွက် အစားအသောက်ပြုလုပ်ရာတွင်အသုံးပြုသည့် ပဲငံပြာရည်သည် အိမ်ရှင်မများ၏ မရှိမဖြစ်လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်ပါသည်။ ပဲငံပြာရည်ကို ဟင်းချက်ရာတွင်လည်းကောင်း၊ မုန့်ပဲသားရေစာပြုလုပ်ရာတွင်လည်းကောင်း၊ ခေါက်ဆွဲအမျိုးမျိုးစားသုံးရာတွင်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။

     ပဲငံပြာရည်ထုတ်လုပ်မည်ဆိုပါက ကုန်ကြမ်းအနေဖြင့် ရှမ်းပဲပုပ် (သို့) ပဲဖိစပ်၊ ထန်းလျက် (သို့) ကြံသကာ၊ ဆား စသည့်ပစ္စည်းများလိုအပ်ပါသည်။ ပထမဦးစွာ ပဲပုပ် (သို့) ပဲပိစပ်ကို ပွလာအောင် တစ်ညရေစိမ်ရပြီး နောက်တစ်နေ့တွင် ပဲပုပ်ရေဝ၍ ပွလာလျှင် ပဲကိုနူးအောင်ပြုတ်ရပါမည်။ ထိုသို့ ပြုတ်ထားသည့်ပဲကို ရေစစ်ပြီးနေလှန်းထားရပါမည်။ (၁၅) ရက်ခန့်ကြာသည့်အခါ ပဲပုပ်များမှိုတက်လာသည်ကိုတွေ့ရှိရပြီး ထိုမှိုတက်နေသောပဲပုပ်ကို ခြောက်သွေ့သွားအောင် နေပြန်လှန်းရပါမည်။ ထိုအချိန်တွင် ကြံသကာ (သို့) ထန်းလျက်ကို အရည်ကြိုထားရပါမည်။ နေလှန်းထားသည့်ပဲပုပ်များ ကောင်းကောင်းခြောက်သွေ့သွားသည့်အချိန်တွင် ကြံသကာ (သို့) ထန်းလျက်ပြုတ်ထားသည့်အရည်ထဲသို့ အိမ်သုံးဆားနှင့်ရောထည့်၍ စဉ့်အိုး (သို့) လှောင်ကန်ထဲထည့်ပြီး လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် အဖုံးကို လုံလုံခြုံခြုံဖုံးအုပ်ထားရပါမည်။ အနည်းဆုံး (၁) နှစ်မှ (၄) နှစ်အထိစိမ်ထားပြီးနောက် ပဲပုပ်ဖတ်များကိုစစ်၍ ဆယ်ယူခြင်းဖြင့် ကျန်ခဲ့သည့်အရေမှာ ငံပြာရည်ဖြစ်ပေါ်လာပါသည်။ ထိုငံပြာရည်ကို ပြန်ကြိုချက်လိုက်ခြင်းဖြင့် ပဲငံပြာရည်စစ်စစ်ဖြစ်လာပါသည်ဟု ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင် ဒေါ်နန်းဟွမ်ခမ်း၏ပြောပြချက်အရ သိရှိရပါသည်။

    ပဲငံပြာရည်၏သက်တမ်းမှာ ထုတ်လုပ်သည့်နေ့မှစ၍ (၃) လအထိအထားခံကြောင်း၊ အိမ်ရှင်မများအနေဖြင့် ပဲငံပြာရည်ဝယ်ယူသုံးစွဲရာတွင် အသုံးပြုပြီးလျှင် ပဲငံပြာရည်ပုလင်းကို လေလုံအောင် စနစ်တကျထားပြီးသုံးစွဲပါက (၁) လအထိအထားခံကြောင်း သိရပါသည်။ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်အနေဖြင့် ပဲငံပြာရည် (၁) လီတာ ပုလင်းတစ်လုံးလျှင် ကျပ်တစ်ထောင်ဖြင့်ရောင်းချရာ (၁) ပတ်လျှင် ပုလင်းအလုံးရေ (၁၂၀) လုံးခန့်ရောင်းရကြောင်းနှင့် ဒေသတွင်းဖြန့်ဖြူးရောင်းချရာတွင် အောင်မြင်မှုရရှိလာပါက ပြည်မကြီးမှတစ်ဆင့် ပြည်ပအထိတင်ပို့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီကာလ ဓာတ်မြေဩဇာဈေးနှုန်း အတက်အကျ အနည်းငယ်ရှိ

    ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီကာလနှင့် ရာဘာသီးနှံ မြေပြုပြင်ကာလဖြစ်သော ဇူလိုင်လအတွင်း သွင်းအားစုမြေဩဇာများ ဈေးနှုန်း အပြောင်းအလဲဖြစ်ခဲ့ကြောင်း သိရသည်။

   သွင်းအားစုမြေဩဇာများဖြစ်သော ရွှေကောမတ် ၅၀ ကီလို တစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀/ကျပ်ရှိခဲ့ရာမှာ ယခုအပတ်တွင် ၁၁၀၀၀၀/ ဖြင့် တစ်အိတ်လျှင် ဈေး ၁၀၀၀၀ ကျပ် ဖြင့် လည်းကောင်း၊ ပုလဲသာ ရွှေနဂါး ၅၀ ကီလို၁ အိတ်လျှင် ယခင်အပတ်က ၇၅၀၀၀/ကျပ်၊ ယခုအပတ် ၇၃၀၀၀/ ကျပ်သို့လည်းကောင်း၊ THAI 46-0-0 မှာ ယခင်အပတ်က ၇၅၅၀၀/ကျပ်မှ ယခုအပတ် ၇၅၀၀၀/ ကျပ်သို့လည်းကောင်း အသီးသီးဈေးနှုန်းကျဆင်းခဲ့၍ GH 15-15-15 မှာ ယခင်အပတ်က ၁၃၂၀၀၀/ကျပ်မှ ယခုအပတ် ၁၃၅၀၀၀/ ကျပ်သို့ ဈေးအနည်ငယ်တက်ခဲ့ကြောင်း သိရသည်။ 12-6-33 ဆင်ဖြူတော်နှင့် Caso4.2h 20-98% ဂျစ်ဆန်တို့မှာ ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၂-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၀၀၀၀မှ ၂၉၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၈-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ပြီး (၄၈၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၉၀၀၀)၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၇၂၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၉၅၀၀၀မှ  ၉၈၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။‌ ပဲတီစိမ်းမှာ ယခုအပတ် တွင် ကျပ်(၅၅၀၀၀မှ ၅၆၀၀၀)ဈေးနှုန်းဖြင့် သီးနှံသစ်များ အနည်းငယ်ဝင်ရောက်လာပြီး တင်ပို့ ရောင်းချမှုမရှိသေးပါကြောင်းနှင့် အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၇၀၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ ကုလားပဲ(H-L) (၉၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၇၅၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း သိရှိရပါသည်။

   မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၈၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၈၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၃၀)ပိဿာဝင်အိတ်များဖြင့် (၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

မြင်းခြံခရိုင်၏ မိုးမြေပဲစိုက်ပျိုးထားရှိမှု

    မြင်းခြံခရိုင်သည် အပူပိုင်းမိုးနည်းရပ်ဝန်းဖြစ်ပြီး စိုက်ပျိုးရေးအတွက် မိုးရေကိုအားကိုးစိုက်ပျိုးရသောဒေသဖြစ်ပါသည်။ မိုးမြေပဲများကို မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိူးလေ့ရှိပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။

   မိုးမြေပဲစိုက်ပျိုးမှုအနေဖြင့် ယခုနှစ် (၂၀၂၃-၂၀၂၄) တွင် မြင်းခြံခရိုင်ချုပ်၏ မိုးမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ (၄၁၂၁၁) ဧကရှိပြီး လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်တွင်လည်း စိုက်ပျိုးရန်လျာထားမှုမှာ (၃၉၈၅၄) ဧကရှိခဲ့ပြီး လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ မြင်းခြံခရိုင်အနေဖြင့် နှစ်စဉ် မိုးမြေပဲစိုက်ပျိုးမှုမှာ လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် (၁၃၅၇) ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၄၀၈၅) ဧက၊ တောင်သာမြို့နယ်တွင် (၁၇၇၃၈) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၉၃၈၈) ဧကတို့စိုက်ပျိုးထားကြောင်းနှင့် မြေပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်မိုးမြေပဲ၏  မြေပဲဆီဆံတစ်ပိဿာလျှင် (၄၅၀၀၊ ၄၆၀၀) ကျပ်ခန့်ရှိပြီး ယခုနှစ်ဈေးနှုန်းများအနေဖြင့် S1 လုံးဆံတစ်ပိဿာလျှင် (၆၇၀၀) ကျပ်မှ (၆၇၅၀) ကျပ်၊ S1 ဆီဆံတစ်ပိဿာလျှင် (၆၄၅၀) ကျပ်မှ (၆၅၀၀) ကျပ်၊ အနီဆီဆံတစ်ပိဿာလျှင် (၆၄၀၀) ကျပ်မှ (၆၄၅၀) ကျပ်၊ ပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်မှ (၁၃၅၀၀) ကျပ်ခန့်တို့ဖြင့်  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၇၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ် မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး) တစ်လုံး (၃၀၀) ကျပ်၊ ကြက်ဥ(သေး) တစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ ဘဲဥ(သေး)တစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          ဇူလိုင်လ တတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စားအုန်းဆီတစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၅၀၀) ကျပ်၊  ကြက်သွန်ဖြူ (ကြူကြုတ်) တစ်ပိဿာ လျှင်(၅၀၀)ကျပ်  ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများ ထံမှသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၁၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

 DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း