ပြည်မြို့၏ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် အာလူးဈေးကွက်
ပြည်ဈေးကွက်ရှိ ပွဲရုံများတွင် ယခင်တစ်ပတ်က ကြက်သွန်ဖြူ(ရှမ်း) လက်ကား တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀)ကျပ် ဈေးဖြင့် လည်း ကောင်း၊ ကြူကုတ် တစ်ပိဿာလျှင် လက်ကားဈေး (၇၀၀၀-၇၅၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ်ဖြင့်လည်းကောင်းဈေးရှိခဲ့ပြီး Online ဈေးရောင်းချသူများအနေဖြင့် ကြူကုတ် တစ်ပိဿာလျှင် (၇၄၀၀-၇၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် ဈေးအပြောင်းအလဲမရှိ ဒေသတွင်း လက်လီဝယ်ယူသူများ၊ လက်ကားဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
ခရမ်းချဉ်သီးအနေဖြင့် ယခင်လက တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀)ကျပ်ဈေးဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ပြီး ယခင်တစ်ပတ်က (၂၅၀၀-၂၈၀၀) ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာလည်း ဈေးနှုန်းအပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
အာလူးသီးနှံအနေဖြင့် ပြည်ဈေးကွက်တွင် ယခင်တစ်ပတ်က လက်ကားတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၂၀၀)ကျပ် ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၄၀၀)ကျပ်ဈေးရှိပြီး ယခင်တစ်ပတ် ဈေးဖြင့် နှိုင်းယှဉ်ကြည့်ပါက ဈေးအနည်းငယ်တက်လာရခြင်းမှာ ပြည်ဈေးကွက်သို့ သီးနှံအဝင်နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)