ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Dec 2023

    ပြည်တွင်းပဲဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၄ သိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ လည်းကောင်း၊ မတ်ပဲ တန်ချိန် ၁ သန်းခန့်ကို ဖေဖော်ဝါရီလတွင်လည်းကောင်း တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက Economic Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံစိုက်ဧက ကျဆင်းမှုများကြောင့် ထွက်ရှိမှု လျော့နည်းလာနိုင်သည်ဟု ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် ရိတ်သိမ်းဆဲကာလတွင်ပင် ပဲစင်းငုံများကို တင်သွင်းနေ ခြင်း ဖြစ်ပါသည်။

18 Dec 2023

    အိန္ဒိယနိုင်ငံတွင် အိမ်ထောင်စုများ၌ သမားရိုးကျစားသုံးလေ့ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်းများ ကြီးမြင့်မှုက ဝယ်လိုအားကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိရာ ပဲခွဲစက်လုပ်ငန်းအများအပြားသည် ၎င်းတို့၏ ကြိတ်ခွဲထုတ်လုပ်နိုင်စွမ်းအတိုင်း အပြည့်အဝ လုပ်ကိုင်ခြင်းမပြုပဲ လုပ်ငန်းပမာဏကို လျှော့ချ ဆောင်ရွက်လာကြကြောင်း သိရှိရသည်။

18 Dec 2023

   အိန္ဒိယနိုင်ငံတွင် စားတော်ပဲ (Yellow Peas) တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားကို ၅၀% သတ်မှတ်ပြီး ၅ နှစ်ကျော်မျှ ကောက်ခံခဲ့ရာမှ ယခု သုညရာခိုင်နှုန်းအထိ လျှော့ချလိုက် ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၇-၁၂-၂၀၂၃ ရက်နေ့ ညနေပိုင်း၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

12 Dec 2023

          မလေးရှားနိုင်ငံ၌ နိုဝင်ဘာလကုန်တွင် စားအုန်းဆီသိုလှောင်မှု လက်ကျန်ကျဆင်းမည်ဟု မျှော်လင့်ထားသော်လည်း ပြိုင်ဘက်ဟင်းသီးဟင်းရွက်ဆီများ၏ ဈေးနှုန်းလျော့နည်းခြင်းကြောင့် စားအုန်းဆီ၏ အနာဂတ်ကြိုပွိုင့်ဈေးနှုန်းသည် ရက်သတ္တပတ် ၄ ပတ်အတွင်း အနိမ့်ဆုံးသို့ ၆-၁၂-၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ကျဆင်းခဲ့ကြောင်း သိရပါသည်။

12 Dec 2023

          ဘရာဇီးနိုင်ငံတွင် ဆန်စပါးသီးနှံ ရာသီချိန်ပြင်ပ၌ ပြည်တွင်းဈေးကွက်အတွင်း ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိမှုနှင့်အတူ ADM လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၆ဝဝဝဝ ကို ဘရာဇီးနိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

12 Dec 2023

          ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်တစ်ခုဖြစ်သော Hau Giang တွင် ပထမအကြိမ် အပြည် ပြည်ဆိုင်ရာ ဆန်စပါးပွဲ‌တော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဟိုချီမင်းမြို့တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ Hoang Trung က အဆိုပါဆန်စပါးပွဲတော်ကို အရည်အသွေးမြင့်မားသော ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စိမ်းလန်းသော ဖွံ့ဖြိုး တိုးတက်မှု (green growth) အတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် တိုးတက်စေခြင်းဖြင့် စားနပ် ရိက္ခ

12 Dec 2023

          ကမ္ဘောဒီးယားနိုင်ငံအတွက် အကြီးဆုံးဆန်ဈေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူတို့အပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် အီရတ်တို့ကဲ့သို့သော နိုင်ငံများသည်လည်း ပစ်မှတ်ထားရမည့် အလား အလာရှိသော ဈေးကွက်များအဖြစ် ပေါ်ထွက်လာကြောင်း သိရှိရသည်။

12 Dec 2023

    ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယခုနှစ် ပထမ ၁၁ လအတွင်း ပြည်ပသို့ ဆန်နှင့်စပါး တင်ပို့မှု မှ ဝင်ငွေ ဒေါ်လာ ၁.၃၅ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။

12 Dec 2023

       အိန္ဒိယနိုင်ငံ၌ မဟာရဋ္ဌပြည်နယ်၊ ဂူဂျရတ်ပြည်နယ်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် အနောက် ပိုင်းနှင့် ရာဂျပ်စတန်ပြည်နယ်ရှိ နေရာဒေသအချို့တို့တွင် မကြာသေးမီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလျက် မိုးသီးများကျရောက်ခဲ့မှုက ရှေ့လာမည့် ၃ လတာအတွင်း ပဲစင်းငုံနှင့် ကြက်သွန်နီ ဈေးနှုန်းများ ဖောင်းပွမှုကို ၆% အထိ မြင့်တက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက် ရှိကြသည်။ 

12 Dec 2023

       အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၌ ဒီဇင်ဘာလဆန်းပိုင်းတွင် ၃ ရက်ကြာမျှ ဖြစ်ပေါ်နေ သည့် လိုလားဖွယ်ရာမရှိသော ရာသီဥတု အခြေအနေနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း “မိချောင်း” ၏ သက်ရောက်မှုကြောင့် ပဲစင်းငုံစိုက်ခင်းများထိခိုက်နိုင်မှုအပေါ် တောင်သူများက စိုးရိမ်မကင်း ဖြစ်ပေါ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

08 Dec 2023

     မလေးရှားစားအုန်းဆီကုန်သည်များက လကုန်သည်အထိထွက်ရှိမည့် တစ်လစာခန့်မှန်းအထွက်နှုန်းများကို စောင့်ကြည့်ဆဲဖြစ်ပြီး  အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းအနေဖြင့် ရင်းဂစ်တန်ဖိုးကျဆင်းခြင်းနှင့်  စားအုန်းဆီပိုမိုထုတ်လုပ်သူအင်ဒိုနီးရှားထံမှ ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုများရှိလာခြင်းတို့ကြောင့် (၂၉-၁၁-၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

08 Dec 2023

    အိန္ဒိယနိုင်ငံသို့ မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း (CPO) တင်ပို့မှုသည် နိုင်ငံ၏ စားအုန်းဆီကြမ်း၀ယ်လိုအားတန်ချိန် ၆သန်းအထိတိုးလာခြင်းကြောင့် အပြုသဘောဆောင်သော ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက်ဖြစ်ပေါ်စေသည်ဟု မလေးရှားဒုတိယဝန်ကြီးချုပ် Mr. Datuk Seri Fadillah Yusof က ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

Pages