ပေါက်ခေါင်းဒေသထွက် ရွှေဖရုံသီး

Powered by Drupal

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရွှေဖရုံသီးကိုမေလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် အသီးများ စတင်ခူးဆွတ်ပါသည်။ ရွှေဖရုံသီးများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၆.၂၀၂၃)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။

   ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးစိုက်ပျိုးသော တောင်သူဒေါ်ကြည်သန်းဝေနှင့်တွေ့ဆုံ၍ မေးမြန်းရာ ရွှေဖရုံသီးစိုက်ဧကမှာ (၁/၂) ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။ (၁/၂) ဧကအတွက် ကုန်ကျစရိတ်မှာ မစိုက်ပျိုးမီ ထွန်စက်မောင်းခ၊ (၂)စပ်ထွန် (၆၀၀၀၀)ကျပ်၊ စိုက်ပျိုးရန်အတွက် ဘောင်ဖော် လုပ်သား (၂)ဦးအတွက် (၆၀၀၀)ကျပ်၊ မျိုးစေ့ထုပ် (၃)ထုပ်လျှင် (၃၇၅၀၀)ကျပ်၊ စိုက်ပျိုးရန် ကျင်းတူးလုပ်သားခ (၆၀၀၀)ကျပ်၊ စိုက်ပျိုးပြီး ရေလောင်းခ (၉၀၀၀၀)ကျပ်နှင့် သွင်းအားစုအတွက် (၄၈၀၀၀)ကျပ်ဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ (၂၇၇၅၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ရွှေဖရုံသီးများ ထွက်ပေါ် ချိန်တွင် (၁/၂)ဧကတွင် အလုံး(၂၀၀၀)ခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော ဖရုံသီးများကို ကုန်စိမ်းဒိုင်မှ စိုက်ခင်းအထိဆင်း၍ ဝယ်ယူမှုရှိသဖြင့် တစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် လက်ကား ရောင်းချကြောင်း သိရပါသည်။ ရွှေဖရုံသီး (၁/၂)စိုက်ဧကတွင် ဝင်ငွေမှာ (၈၀၀၀၀၀)ကျပ် ခန့်ရရှိပြီး၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ်ကျော်ခန့်ရရှိကြောင်း သိရပါသည်။

   ရွှေဖရုံသီးကို (၁/၂)ဧက စိုက်ပျိုးထားသူတောင်သူအနေဖြင့် (၅)သိန်းကျပ် ကျော်ခန့်ရရှိသဖြင့် ဧကများတိုးချဲ့ စိုက်ပျိုးလျှင် ပိုမိုအမြတ်အစွန်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)