ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သခွားသီးများ စိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၆.၆.၂၀၂၃)နေ့တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် သခွားသီးစိုက်ပျိုးသူတောင်သူ ဒေါ်အုန်းကြည်နှင့် တွေ့ဆုံပြီး သခွားသီးစိုက်ပျိုးမှုနှင့် ကုန်ကျစရိတ်၊ အကျိုးအမြတ်တို့ကို မေးမြန်းရာ သခွားသီးကို မေလတွင် စတင်စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် ထွက်ပေါ်လာမည်ဖြစ်ပါသည်။ သခွားသီးစိုက်ပျိုးဧကမှာ ဧကဝက်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ထွန်စက်မောင်းခ တစ်စပ်ထွန် (၃၀၀၀၀)ကျပ်၊ စိုက်ပျိုးရန်ဘောင်ဖော်လုပ်သားခ (၂)ဦး (၆၀၀၀)ကျပ်၊ သခွားမျိုးစေ့ (၄)ထုပ်လျှင် (၂၃၂၀၀)ကျပ်၊ စိုက်ပျိုးရန်လုပ်သားခ (၆၀၀၀)ကျပ်၊ စိုက်ပျိုးသည့်တိုင်ဖိုး (၂၀၀၀၀) ကျပ်၊ ချည်ရန်ကြိုး (၁၄၄၀၀)ကျပ်၊ ပီနန်ကြိုး(၈၀၀၀)ကျပ်၊ ရေလောင်းလုပ်သားခ (၃၀၀၀၀)ကျပ်၊ သွင်းအားစု (၂၆၄၀၀)ကျပ်နှင့် သခွာသီးခူးဆွတ်ခ (၂၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း (၁၈၄၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ သခွားသီးများထွက်ပေါ်ချိန် ဧကဝက်တွင် အလုံးရေ(၈၀၀၀)ခန့် ထွက်ရှိကြောင်းသိရပါသည်။ သခွားသီးရောင်းဈေးအနေဖြင့် တစ်လုံးလျှင် (၆၀)ကျပ်ဖြင့် ရောင်းချရသဖြင့် တစ်ဧကဝင်ငွေမှာ (၄၈၀၀၀၀)ကျပ်ခန့် ရရှိကြောင်းသိရပါသည်။ ဧကဝက် အကျိုးအမြတ်အနေဖြင့် (၂၉၆၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။
သခွားသီးစိုက်တောင်သူများအနေဖြင့် သခွားသီးစိုက်ပျိုးချိန်တွင် ဝင်ငွေများရရှိနိုင်ပြီး နှစ် ပတ်လည်စိုက်ပျိုးနိုင်မည်ဆိုပါက တစ်နှစ်ပတ်လုံးဝင်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည် ။
DOCA(ပဲခူး)