ဈေးကွက်အတွင်း ဝဥကြာဇံခြောက်များအရောင်းသွက်လျက်ရှိ

Powered by Drupal

          ဝဥကြာဇံသည် ဂလူကိုမန်နန်အမှုန့်အား ရေ အဆ(၅၀) ခန့်နှင့်ရောပြီးလျှင် ကယ်လဆီယမ် ဆားရေနှင့်ရောစပ်ကာပြုလုပ်ထားခြင်းဖြစ် ကြောင်းသိရှိရပါသည်။ ဝဥကြာဇံသည် လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ ဈေးကွက်အတွင်း ဝယ်ယူစားသုံးမှု များပြားလာသော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဝဥကြာဇံသည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့အပါအဝင် အာရှနိုင်ငံအများစုတွင် (Diet) ပြုလုပ်နေသူများအကြားရေပန်းစားလူကြိုက်များပြီး Zero Noodle  အမည်ဖြင့်လည်း ကျော်ကြားပါသည်။

          ဝဥကြာဇံသည်အဆီဓါတ်၊ သကြားဓါတ်များမပါရှိသောကြောင့် ကိုယ်တွင်းအချိုဓါတ်များ လျော့ကျစေပြီးဝမ်းချုပ်သူများ၊သွေးတိုးဆီးချိုရှိသူများ၊ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အထူးသင့်လျော် သောကျန်းမာရေးဓါတ်စာအဖြစ်ဝယ်ယူစားသုံးကြပါသည်။ ဝဥကြာဇံကို မိမိတို့ နှစ်သက်ရာ အသားအသီးအရွက်များဖြင့်  ကြော်စားခြင်း၊ ပြုတ်စားခြင်း၊ သုတ်စားခြင်း များပြုလုပ်နိုင်ပါသည်။

          ဈေးကွက်အတွင်း ဝဥကြာဇံ ရိုးရိုးတစ်ခွေလျှင် (၅၀၀)ကျပ် မှ (၇၀၀) ကျပ်အထိလည်းကောင်း၊ ဝဥကြာဇံ (မာလာအရသာ) ၊ (အစပ်အရသာ) များဖြင့် ထုတ်လုပ်သော အသင့်စားခေါက်ဆွဲ ထုပ်/ဗူး များကို ထုတ်ပိုးမှုအရွယ်အစားအလိုက် တစ်ထုပ်/ဗူး လျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀-၃၀၀၀) ကျပ်အထိလည်းကောင်း အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)