ပေါ်ဦးပေါ်ဖျား မျှစ်နုဈေးကွက်

Powered by Drupal

   မှိုသုံးနှစ်၊ မျှစ်သုံးလဟူ၍ မြန်မာဆိုရိုးစကားရှိပါသည်။ မျှစ်နု၊ ဝါးပင်နုနု (သို့) ရက်သတ္တနှစ်ပတ် အရွယ်မတိုင်ခင် အမြင့်တစ်ပေမပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးများဖြစ်ပါသည်။ စားလိုက်ရင်ခပ်ကြွပ်ကြွပ်လေးနှင့် အလွန်ပင်စားကောင်းလှပါသည်။ မျှစ်တွင် ပရိုတင်း ကြွယ်ဝသလို ကယ်လိုရီပါဝင်မှု ကယ်လိုရီပါဝင်မှုနည်းပါးသဖြင့် မျှစ်စားသုံးခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါသည်။ ယခုလိုရာသီတွင် ပေါ်ဦးပေါ်ဖျား မျှစ်နုအသေးလေးများကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးကြီးများတွင်ရောင်းချနေပြီး ဈေးကောင်းလည်း ရကြပါသည်။ မျှစ်နုများကို ပြည်မြို့အနီးအနားရှိ ကျေးရွာများမှ တင်သွင်းပြီး မျှစ်နုအသေး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ကျပ်ထိရှိပြီး မျှစ်နုများကို  အစီးလေးများစီးပြီး ရောင်းချလေ့ရှိပါသည်။ မျှစ်နုအသေး (၅)ကျပ်သား တစ်စီးလျှင် (၃၀၀-၅၀၀)ကျပ် အထိရှိပြီး ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)