ဈေးကွက်အတွင်း အကျိူးအမြတ်ရရှိနေတဲ့ ရာသီစာ သရက်ပြင်

Powered by Drupal

    သာယာဝတီခရိုင်အတွင်း၌ ယခုနှစ်တွင် သရက်သီးများကို ဥယျာဉ်ခြံမြေနှင့် အိမ်ခြံမြေများတွင် စိုက်ဧကပေါင်း ၈၃၀၇ ဧက စိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်းရှိ မြို့နယ်များတွင် အများဆုံး စိုက်ပျိုးသော သရက်သီးအမျိုးအစားမှာ (ရင်ကွဲ ) သရက်သီးဖြစ်ပါတယ် ။ အသီးကင်းစမှစပြီး ရင့်မှည့်ချိန်ထိ ရောင်းချ / တင်ပို့၍ရသော သရက်သီးမျိုးဖြစ်ပြီး ယခုအချိန်တွင် သရက်သီးမှည့်ချိန်ဖြစ်၍ ဈေးကွက် ရောင်းတန်းဝင် အသီးမှည့်များကို ဈေးကွက်အတွင်း၌ ရောင်းချပြီး အမှည့်လွန်အသီးများနှင့် ရောင်းတန်းမဝင်သော အသီးများကို သရက်ပြင်ပြုလုပ်၍ မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေများ ရရှိလျက်ရှိပါသည်။

    သရက်ပြင် ပြုလုပ်ရာမှာ ရင်ကွဲသရက်သီးမှာ အကောင်းဆုံးဖြစ်ပါသည်။ သရက်သီး (၁) ပိဿာကို ကျိုချက်ပြီး အခြောက်ခံနေလှန်းရပါသည်။ နေလှန်းအခြောက်ခံပြီးပါက အသင့်စားသုံးနိုင်သော သရက်ပြင်များ ရရှိပါသည်။ ၁ ပိဿာကျိုချက်လျှင် သရက်ပြင် (၂၀) ကျပ်သားခန့်ရရှိပြီး၊ ဈေးအနေဖြင့် အချဉ် ၁ ပိဿာလျှင် ၆၀၀၀ ကျပ်ခန့်၊ အချိုဆိုလျှင် ၁ ပိဿာကို ၉၀၀၀ ကျပ်ခန့် ရရှိပါသည်။ ယခုအချိန်မှာ ရာသီစာဖြစ်သည့် သရက်ပြင်များ ဈေးကောင်ရရှိပြီး အကျိုးအမြတ်များလည်း ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)