
ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည် နယ်အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက် ခူကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။
ချင်း(ဂျင်း)ကို ဟင်းခတ်အမွေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင်အသုံးများသဖြင့် ပြည်နယ်အတွင်း စားသုံးမှုများပါသည်။ ဇွန်လဒုတိယပတ်တွင် ဈေးကွက်အတွင်း တစ်ပိဿာလျှင် (၄၅၀၀)၊ (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်မေလဒုတိယပတ်တွင် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခုဇွန်လဒုတိယပတ်နှင့် ယခင် မေလဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်လျှင် တစ်ပိဿာလျှင်(၅၀၀)၊ (၁၀၀၀)ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ချင်း(ဂျင်း)စိုက်တောင်သူများ စိုက်ဧကအနည်းငယ်သာစိုက်ပျိုးနိုင်ပြီး ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေး ရှိ ချင်း(ဂျင်း)ရောင်းချသူ တစ်ဦးထံမှသိရပါသည်။
DOCA(ကယား)