မိုးတွင်းရာသီစာဖြစ်သော ငှက်စွပ်မှိုနှင့်အင်ဥ

Powered by Drupal

       ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သဘာဝကပေးသော အစားအစာများစွာ ရှိပါ သည်။ မိုးဦးကာလအတွင်း မှိုများပေါများစွာ အလေ့အထပေါက်ရောက်လျက်ရှိသည့်အနက် လက်ရှိအချိန်တွင်ငှက်စွပ်မှိုနှင့်အင်ဥတို့မှာ ထွက်ရှိအားကောင်းပြီး ဈေးကွက်တွင် အများ အပြားတွေ့ရှိရကာ မှိုရှာဖွေသူများအတွက် ဝင်ငွေကောင်းလျက်ရှိပါသည်။ အပွင့်အကြီးအသေး အလိုက်ဈေးနှုန်းကွာခြားလျက်ရှိပါသည်။ ငှက်စွပ်မှိုမှာ အပွင့်ကြီးတပွင့်လျှင် (၂၀၀)ကျပ် နှုန်းဖြင့် (၅)ပွင့်ပါ တစည်းလျှင် (၁၀၀၀)ကျပ်၊ အပွင့်သေးမှာ (၅၀၀)ဖိုး (၃)ပွင့်ဖြင့် (၆)ပွင့်ပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အင်ဥမှာ နို့ဆီဘူးဖြင့် ရောင်းချကာ နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လွိုင်ကော်မြို့၊ နောင်ယားဈေးတွင်  မှိုနှင့် အင်ဥရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)