တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊နွေစပါးရာသီ၌ နွေစပါး ၁၉၁၂၁ ဧက စိုက်ပျိုးခဲ့ရာ ယခုအခါ အားလုံးနီးပါး ရိတ်သိမ်းပြီးစီးပြီး ဖြစ်ပါသည်။ ထိုင်းနှံကောက်အမျိုးအစားကို အများဆုံး စိုက်ပျိုးကြပါသည်။
သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းဇယားများအရ အထွက်နှုန်းမှာ ၉၈.၅ တင်းနှုန်းရှိ ကြောင်း သိရသဖြင့် အုတ်တွင်းမြို့နယ်တွင် နွေစပါးအထွက်တင်း ၁၈၈၀၀၀၀ ကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိပါသည်။
နွေစပါးပေါ်ခါစက ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကွင်းဈေး ၁၅၂၀၀၀၀ ကျပ်၊ ဆန်စက် အရောက်ဈေး ၁၅၆၀၀၀၀ ကျပ်ရှိခဲ့ပြီး ယနေ့ကာလပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ၁၆၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ မိုးစပါးလက်ကျန် ကာလပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀ ဖြစ်ပါ သည်။
အုတ်တွင်းမြို့နယ်အတွင်း မိုးစပါးထွက်ရှိမှုမှာ ၆၂၅၀၀၀၀ တင်းရှိသဖြင့် ယခုထွက်ရှိသည့် နွေစပါးနှင့်ဆိုလျှင် အုတ်တွင်းမြို့နယ်တွင် စပါး တင်း ၈၁၃၀၀၀၀ ခန့် ရှိပါသည်။ အုတ်တွင်း မြို့နယ်အတွင်း မျိုးစပါး၊ အလေအလွှင့်နှင့် စားသုံးမှုမှာ ၃၀၃၀၀၀၀ တင်းခန့်ရှိသဖြင့် အုတ်တွင်းမြို့နယ်သည် ယခုနှစ်အတွင်း စပါးတင်း ၅၁၀၀၀၀၀ ပိုလျှံကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)