
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားရှိမှု၊ ဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးကာ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center No. ဖြစ်သည့် (1535) သို့ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca. gov. mm ထဲသို့ဝင်ရောက်ပြီးလည်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနလက်အောက်ရှိ မြို့နယ်များ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)