MSME ကော်မတီ၏ (၁/၂၀၂၃) ဆုံးဖြတ်ချက်များပြီးပြတ်အောင်ဆောင်ရွက်မည့် အစီအစဉ်များအတွက် ဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်သီတာဌေးသည်  (၂၆-၇-၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ကျင်းပသော MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ဆုံးဖြတ်များပြီးပြတ်အောင်ဆောင်ရွက်မည့်အစီအစဉ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်များဖြစ်သော ထုတ်လုပ်မှုကဏ္ဍဦးစားပေးလုပ်ငန်း (၁၂) ခုကိုအားပေးမြှင့်တင်နိုင်ရန်၊ လုပ်ငန်းတူအစုအဖွဲ့အလိုက်နှင့် စက်မှုလုပ်ငန်းများအလိုက် လုပ်ငန်းစီမံချက် (Action Plan) များရေးဆွဲချမှတ်ဆောင်ရွက်ရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI) များ၊ အကြီးစားစက်မှုလုပ်ငန်းများနှင့် MSME များချိတ်ဆက်ပေးနိုင်မည့် စက်မှုချိတ်ဆက်ဆောင်ရွက်မှုအစီအစဉ် (lndustrial Linkage Plan) တစ်ရပ်အား လုပ်ငန်းတူအစုအဖွဲ့အလိုက်သော်လည်းကောင်း အစီအစဉ်များရေးဆွဲဆောင်ရွက်ရန်၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်မည့် TVET အစီအစဉ် များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ဒေသများအလိုက် ပညာရှင်များစုဖွဲ့၍ အစီအမံများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ MSME များအတွက် လက်ရှိရင်ဆိုင်နေရသောအခက်အခဲများဖြစ်သည့် ငွေကြေးအရင်းအနှီး၊ လျှပ်စစ်မီးရရှိမှု၊ ကျွမ်းကျင်လုပ်သားလိုအပ်မှု၊ မြေယာလိုအပ်မှုများ၊ နည်းပညာလိုအပ်ချက်၊ ဈေးကွက်ကျယ်ပြန့်စွာရရှိနိုင်ရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား လွယ်ကူစွာဖြန့်ဖြူးနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်၊ MSME များ ပြည်တွင်းဈေးကွက်တည်ငြိမ်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက ဈေးကွက်ထိန်းကျောင်းပေးမည့်အစီအစဉ်များဆောင်ရွက်ပေးရန်၊ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သည့် စီးပွားရေးဝန်းကျင်ကောင်း (Good Business Environment) တစ်ခုဖြစ်ပေါ်လာစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ ကုန်ကျစရိတ်များလျှော့ချနိုင်ရေး၊ ဝင်ငွေများပိုမိုတိုးတက်ရရှိလာစေရေးနှင့် အခွင့်အလမ်းများပိုမိုရရှိလာနိုင်စေရေး စသည့်အချက် (၃) ချက်အား အဓိကအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်တို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုဆွေးနွေးပွဲသို့ MSME ကော်မတီအဖွဲ့ဝင်(၉) ဦးနှင့် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

                                                                                   

DOCA(ကရင်)