ပဲခူးတိုင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ပိုမိုတိုးတက်သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိစေရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စပါးခွံဓာတ်ငွေ့ ပိုမိုတိုးတက်စွာသုံးစွဲနိုင်ရေး ပဲခူးတိုင်းဒေသကြီးအနောက် သာယာဝတီ၊ ပြည်၊ နတ်တလင်းခရိုင်များသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ (၂၀-၇-၂၀၂၃) ရက်နေ့နှင့် (၂၁-၇-၂၀၂၃) ရက်နေ့များ၌ ဆန်စက်လုပ်ငန်းရှင်များနှင့် Gasifier Power Plant တပ်ဆင်ရာတွင် စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ပဲခူးတိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာန၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက Gasifier စက်တပ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူးက Gasifier စတင်ပေါ်ပေါက်ခဲ့သောသမိုင်းကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြဿနာများနှင့် ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)