ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြင့်ရောင်းချသော ဘားအံမြို့ ကန်သာယာ အခွန်လွတ်ဈေးတွင် ရောင်းသူဝယ်သူများဖြင့် စည်ကား

Powered by Drupal

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန် လွတ်ဈေးအား အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

  အဆိုပါ အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် အသား/ငါးအရောင်းဒိုင်များမှ စားသုံးသူပြည်သူများထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး ကိုယ်တိုင်စီးပွားအဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်နေသူများ လက်လီလက်ကား ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် စားသောက်ကုန်များကို ထုတ်လုပ်သူမှ စားသုံးသူလက်ဝယ်သို့ လတ်ဆတ်စွာဖြင့် တိုက်ရိုက်ရောက်ရှိရေး၊ နိုင်ငံဝန်ထမ်းများသက်သာချောင်ချိရေး၊အစားအစာဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆတ်သော အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို မိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေးအတွက် ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက   သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအနေဖြင့် ဝယ်သူထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/အသား/ ငါးထုတ်လုပ်ရောင်းချမှုအပေါ်  အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာတိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်ကာမိကာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝ ရိုက်ခတ်မှုလျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)