စားသုံးသူအကာအကွယ်ရေးအသိပညာပေးရေးအစ စာသင်ကျောင်းများက

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၇-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ပိတောက်မြိုင် အ.မ.က (၂) စာသင်ကျောင်းတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး  ကျွန်းလှ အ-ထ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုး၏တောင်းဆိုချက်အရ ကျောင်းမုန့်ဈေးတန်းများကိုပါ စစ်ဆေးဆောင်ရွက်ပေးခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူဖြူဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ ၌ပြဋ္ဌာန်းခဲ့ပြီး ဤဥပဒေတွင် အခန်းပေါင်း (၂၅) ခန်း၊ ပုဒ်မပေါင်း  (၈၄) ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများဖြစ်သည့် Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း၊ မိမိတို့ဌာန၏ခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website  ဖြစ်သည့် www. Doca .gov. mm တွင်လည်းကောင်း၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. (1535) တို့တွင် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများနှင့် မိမိတို့အားဟောပြောသွားသောအချက်အလက်များကို မိမိတို့မိသားစုများ၊ အသိမိတ်ဆွေများကိုပြန်လည်ရှင်းပြပေးကြရန်နှင့်  ကျောင်းသား/သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူစားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/သူ (၁၆၃) ဦး၊ စုစုပေါင်း (၁၇၃) ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)