ကျွန်းလှမြို့ရှိ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး၍ အသိပညာပေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက အသင့်စားမုန့်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ (၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နဲ့အညီ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးအချက်များကိုဖော်ပြထားစေရေး၊ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းသည် အသင့်စားရသောမုန့်များကိုထုတ်လုပ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနက ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့်လုပ်ငန်းရှင်များကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို  စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးကြပါရန်နှင့်  ဒေသထွက် “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်နေသော အမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင်ဖြည့်သွင်းမှုများကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားကာ “စမိုင်းလ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်သည့် လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားများလျှောက်ထားခဲ့ကြပါသည်။ ထို့နောက် မိမိတို့စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အသိပညားပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)