ကျွန်းလှမြို့၊ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံ၊ အကြော်စုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာများ ပေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ (၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခြင်း၊ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းသည် အသင့်စားမုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံမှန်ကန်စွာထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနက  ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင်များနှင့် အစားအသောက်ထုတ်လုပ်နေသည့်လုပ်ငန်းရှင်များကိုလည်း အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် ဒေသထွက် “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းများ၏ ထုတ်လုပ်နေသောအမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင်ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန်လိုအပ်ကြောင်းတို့ကို တိုက်တွန်းပြောကြားကာ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံထုတ်လုပ်သည့်လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားများလျှောက်ထားခဲ့ကြပါသည်။ ထို့နောက် မိမိတို့စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)