ဓနုဖြူမြို့၊ ကျုံတနီး (အ-ထ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊  ကျုံးတနီး (အ-ထ-က) အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

  အဆိုပါအသိပညာပေးဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေးအရ အရေးယူခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်းကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များလည်းရှိကြောင်း ထပ်ဆင့်၍  သိရှိနားလည်နိုင်စေရန် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်းကို ကျောင်းသူ/ ကျောင်းသားများသိရှိရန် အသိပညာပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ၏ သိရှိလိုသည်များမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)