ကန်သာဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

  (၇-၈-၂၀၂၃)ရက်နေ့တွင် မကွေးမြို့၊ ကန်သာဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များနှင့် ပြည်တော်သာလမ်းပေါ်ရှိ 21 Mart စတိုးဆိုင်တို့၌လည်းကောင်း၊ (၈-၈-၂၀၂၃)ရက်နေ့တွင် မကွေးမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များ၌လည်းကောင်း၊ (၉-၈-၂၀၂၃)ရက်နေ့တွင် မကွေးမြို့၊ ရန်ပယ်ဈေးရှိ ကုန်မျိုးစုံဆိုင်များ၌လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အသင့်သောက်အချိုရည် (Sunkist / SPEED / STIJNG / SHARK / Pepsi / Carabao / Royal-D / Max+ / iso + )အမှတ်တံဆိပ်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)