![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/231_0.jpg?itok=ke78_4tG)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်သည် နှမ်း၊ ဝါနှင့် ပဲမျိုးစုံသီးနှံတို့စိုက်ပျိုးထွက်ရှိရာဒေသဖြစ်ပြီး ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ပဲတီစိမ်းသီးနှံများစတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။
သရက်မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကိုးပင်၊ မုံဇလီ၊ ထန်းရုံ၊ မဒင်းကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းသီးနှံကို ပွဲရုံများသို့ နေ့စဉ်လာရောက်ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်၊ ဩဂုတ်လတွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၄၈၀၀၀)ဈေးဖြစ်ပါကြောင်း၊ ယခုနှစ်(၇-၈- ၂၀၂၃)ရက်နေ့တွင် ကျပ်(၆၀၀၀၀)ဈေးရှိခဲ့ပြီး (၁၁-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၅၅၀၀၀-၅၆၀၀၀) ဈေးဖြစ်၍ ကျပ်(၄၀၀၀-၄၅၀၀)အကျဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ယခုရက်အတွင်း မိုးရွာသွန်းမှုရှိခဲ့၍ သီးနှံအရည်အသွေးကျဆင်းမှုကြောင့်ဖြစ်ကြောင်း၊ နေ့စဉ်ပွဲရုံလုပ်ငန်းတစ်ခုလျှင် တင်း(၂၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)