ဖျာပုံခရိုင်ကုန်မျိုးစုံထုတ်လုပ်၊ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသူံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာ(၁၀)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီတွင် ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၁၈)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ခရိင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်အတွင်းရောက်ရှိပြီးကုန်စည်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊ သတ်မှတ်ချက်နှင့်အညီ ပြည့်စုံမှုမရှိသော ကုန်စည်များအား တားမြစ်ခြင်း၊ သတိပေးခြင်းများအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ခွင့်ပြုထားသည့်အတိုင်းဖော်ပြ ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

     ထို့နောက်တက်ရောက်လာသူများမှသိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ၂၀၁၉ခုနှစ်၊စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စာသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)