စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မှ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၁) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းရှိ Pepper Garden Hotel & Resort အား ပြန်လည်ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စံသတ်မှတ်ချက် (Version 2.0)နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဟိုတယ်မှ စားသုံးသူများအား ဝန်ဆောင်မှု ပေးခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုပေးရန် ကြော်ငြာ ထားသည့်အတိုင်း အပြည့်အဝဆောင်ရွက်ပေးရန်၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးအတွက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)