ပြည်ပဈေးကွက်တွင် ဆန်းရှိုင်းနှင့် ကျားခေါင်း ငရုတ်ဈေးကွက်များ အရောင်းအဝယ်ကောင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ် တာဝန်ခံဦးအောင်လွင်တို့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုးအောင်မြင်ဖြစ် ထွန်းနေသော စတားဟော့၊ ဆန်းရှိုင်း၊ ကျားခေါင်း စသည့်ငရုတ်မျိုးများ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ငရုတ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အ သင်းဥက္ကဌ ဦးဌေးဝင်းထံ သို့ (၂၀.၁၂.၂၀၂၁)နေ့နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ ကွင်း ဆင်းလေ့လာဆောင်ရွက်ခဲ့ပါ သည်။
အဆိုပါကွင်းဆင်းလေ့လာ ဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်၊ ဧရာဝတီမြစ်ကူး တံတားအောက်တွင် စိုက်ပျိုးထားသည့် ငရုတ်စိုက်ခင်းများကို လေ့လာ ကြည့်ရှုပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ လည်းဖြစ် ကိုယ်တိုင်စိုက်ပျိုးသူလည်းဖြစ်သည့် ဦးဌေးဝင်းက ယခုနှစ် စိုက်ပျိုးရာသီတွင် မနှစ်ကစိုက်ပျိုးမှုထက် ငရုတ်စိုက်ဧက လျော့နည်းနိုင်ကြောင်း၊ လျော့နည်းရသည့် အကြောင်း အရင်းများမှာ မျိုးစေ့နှင့် သွင်းအားစုများ ဈေးနှုန်းကြီးမြှင့်လာခြင်း ယခုနှစ် ငရုတ်စိုက်ပျိုး ချိန်တွင် မိုးများသဖြင့် ငရုတ်ပင်များ သေကြေပျက်စီးမှုရှိလာခြင်းတို့ကြောင့် လျော့နည်းနိုင်ကြောင်း သိရှိရပါသည်။
ဈေးကွက်နှင့်ဈေးနှုန်းအနေဖြင့် တရုတ်ဘက်တွင် ဈေးကွက်အားနည်းလာပြီး ထိုင်းဈေး ကွက်တွင် အရောင်းအဝယ်ဖြစ်နေသောကြောင့် ငရုတ်အစိမ်း (အစို) (၁)ပိဿာလျှင် (၂၀၀၀) ကျပ်၊ ငရုတ်အမှည့် (အစို) (၁)ပိဿာလျှင် (၃၀၀၀)ကျပ် ဈေးကွက်ရရှိသဖြင့် အကျိုးအမြတ် ရရှိ မှုမှာ ပဲနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုတို့ထက် ပိုမိုအကျိုးအမြတ်ရရှိကြောင်း ဆွေးနွေး ပြောကြား ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ် တာဝန်ခံဦးအောင်လွင်တို့မှ ဈေးကွက်ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ နည်း ပညာရှင်များနှင့် ချိတ်ဆက် ဆက်သွယ်ပေးမှု ငရုတ်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေကောင်းများကို အလေးထား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး