အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်များတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ၍ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် စားသုံး သူကာကွယ်ရေး အသိပညာပေး Talk Showအစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ (၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန် မှ အခမ်းအနားမှူးပြုလုပ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ၊ မြို့နယ်ဦးစီးမှူး ဦးဘိုဘို မှ လည်းကောင်း၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးဇော်မင်းထွန်းက အခမ်းအနားမှူးပြုလုပ်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်တို့မှ လည်း ကောင်း Talk Show အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး အမေးအဖြေများ မေးမြန်းဖြေကြားခြင်းကို ပြုလုပ်ခဲ့ပါသည်။
Talk Show တွင် ကိုဗစ် - ၁၉ ကာလအတွင်း၊ ရောဂါကာကွယ်ရေးအတွက် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း၊ မြန်မာနိုင်ငံစားသုံသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရွက်ရန် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် ညွှန်ကြားချက်များအကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံသူများနစ်နာဆုံးရှုံးမှုမရှိစေရေးဆောင်ရန်ရှောင်ရန်များအကြောင်း တို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)