ကျိူက်မရောမြို့နယ်တွင်စားသုံးသူအကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲ( Talk Show)ပြုလုပ်

Powered by Drupal

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ၂၀.၁၂.၂၀၂၁ ရက်နေ့ နံနက်၁၀နာရီတွင် ကျိုက်မရောမြို့နယ်၊ လူထုအခြေပြု၊ဗဟိုဌာန၊(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး(Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ကျိုက်မရောမြို့နယ်ရုံး တာဝန်ခံဒု-ဦးစီးမှူးဦးအောင်ညီညီခန့်က စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ရရှိမည့်စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များ၊ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်ညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သောသတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် Consumer Call Center များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းစသည့် အချက်များအား အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စားသုံးသူကာကွယ်ပေးရေးအသိပညာပေး(Talk.Show)အစီအစဉ်အား ကျိုက်မရောမြို့နယ်၊ပြည်သူ့စာကြည့်တိုက်Facebook pageစာမျက်နှာတွင် ဝင်ရောက်ကြည့်ရူလေ့လာနိုင်ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန