စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ ဝန်ထမ်းစုစုပေါင်း ( ၂၀ )ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စားသုံးသူများအနေဖြင့် မိမိတို့ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိထားရန်လိုအပ်ကြောင်း၊ အဆိုပါ အခွင့်အရေးများကို စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေအရ အကာအကွယ်ပေးထားကြောင်း၊ အခွင့်အရေးများရှိသကဲ့သို့ စားသုံးသူများ လိုက်နာရမည့် တာဝန်များလည်းရှိပါကြောင်း၊ ကုန်အညွန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှ ဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ပြည်နယ်လွှတ်တော်ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)