စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ဈေးကွက် အတွင်း၌ Parbisure (IV/HN Injection) ဆေးဝါးနှင့် (Composition & Strength) ဘူးခွံ design ဆင်တူပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်တရားဝင်ဆေးဝါး မှတ်ပုံတင် ခွင့်ပြုDRC No. နှင့် Insert ပါရှိခြင်းမရှိသာ Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချမှုမရှိ စေရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ ဆေးဆိုင်(၃၅)ဆိုင် အားကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရား မဝင်တင်သွင်း ဖြန့်ချိလျက်ရှိသည့် Parbisure အမှတ်တံဆိပ်(IV/HN Injection) ဆေးအား ရောင်းချ မှုမရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)