မအူပင်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  (၁၉.၁၀.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၂)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုံးအကူမှူး ဒေါ်သင်းသင်းထွေးမှ စားသုံးသူရေး ရာဌာနခွဲတွင် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်ဦးစီးမှူးက အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ကူညီလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ အခန်း(၁)မှ အခန်း(၄)ထိ ဆွေးနွေးခဲ့ရာ ဥပဒေ၏အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ၊ ပုဒ်မ-၂ ပါ အဓိပ္ပာယ် ဖော်ပြချက်များမှ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ်ရှိသောကုန်စည် (သို့) ဝန်ဆောင်မှုစသည့် ပုဒ်မ(၂)ပါအချက်များ၊ အခန်း(၂)တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်(၈)ရပ်၊ အခန်း(၃)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဖွဲ့စည်းပုံနှင့် ကော်မတီတွင် ဖွဲ့စည်းရမည့်အဖွဲ့ဝင်ဦးရေ ကော်မရှင်ဥက္ကဌ၏ တာဝန်များ၊ နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ခံစားခွင့်များ၊ အတွင်းရေးမှူး၏ တာဝန်များနှင့် အခန်း(၄)တွင် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးမှ လိုအပ်ချက်များကို ဖြည့်စွက်အသိပညာပေး သင်ပြခဲ့ပြီး လူငယ်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ အထက်ဌာနမှ အချိန်နှင့်တပြေးညီ လမ်းညွှန်ချက်များကို လေးစား လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ထပ်ဆင့်ရှင်းလင်းပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၄း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)