စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၆.၁၀.၂၀၂၃)ရက်နေ့ နေလည်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မား စေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဒေါ်စန္ဒာစိုးလွင်(ဦးစီးမှူး)က စားသုံးသူရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဦးဝင်းမောင် (ဒု-ကြီးကြပ်ရေးမှူး)က စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်ကြည်(ရုံးအုပ်)က ဟောပြောပွဲပြုလုပ်ရာတွင်လိုအပ်သည့် အချက်များ အကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)