စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်ကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေး/ ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၊ မကွေးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၉၅၀)နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချပေးနေမှုနှင့် မကွေးခရိုင် လမ်းဦးစီးမှူးရုံး၌ လမ်းဦးစီးဌာန၊ ရေအရင်းအမြစ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဌာန၊ တရားရုံး(တိုင်း/ ခရိုင်/ မြို့နယ်)၊ ဥပဒေ(တိုင်း/ ခရိုင်/ မြို့နယ်)ရှိ ဝန်ထမ်းများအား စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၉၅၀) နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ တန်းစီးစနစ် ဖြင့် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
DOCA(မကွေး)