မြိတ်မြို့၊ ကျောက်ဖြူတောင်ရပ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောကွင်းဆင်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကျောက်ဖြူတောင်ရပ်၊ မင်္ဂလာဇေယျုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်  စားသုံးသူများတွင် အခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များ ဝယ်ယူသင့်ကြောင်း၊ အစားအသောက်များအား ထုတ်လုပ်/ကုန်ဆုံးရက်ကြည့်၍ စားသုံးသင့်ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန က အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အစားအသောက်များ ရွေးချယ်စားသုံးတတ်စေရန်နှင့် အစားအသောက်များတွင် ပါဝင်တတ်သော ဓါတုဆေးများအကြောင်းကို လည်းကောင်း၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက် စားသုံးရာတွင် ဘေးကင်းစေရန် လိုက်နာဆောင်ရွက် သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သော အစားအသောက်များအား FDA website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲအပြီးတွင် ကျောင်းသူ/ သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးရည်ရွယ်၍  ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)