ထားဝယ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၊ ၁၀ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးကုန်စည်များမှ (၁)မျိုးဖြစ်သည့် သောက်ရေသန့်များအား စျေးကွက်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် သောက်ရေသန့်ဘူးများကိုသာ စျေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထောက်ခံချက်များပါရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)