ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တက်ရောက်

Powered by Drupal

 ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် (၁၁-၁၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊အစည်းအဝေး ခန်းမ(၃)၌ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ကျင်းပခဲ့ကြောင်း သိရသည်။ 

 အဆိုပါ အစည်းအဝေးတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကဦးဆောင်ကျင်းပ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး၊ အသင်းအဖွဲ့များခိုင်မာအားကောင်း၍ သက်ဝင်လှုပ်ရှားမှုရှိစေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး Online မှ Virtual စနစ်ဖြင့် တက်ရောက်သော တိုင်းဒေသကြီး/ပြည်နယ်များမှ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများက ဒေသတွင်း အသင်းအဖွဲ့များဖွဲ့စည်း ထားရှိမှုအခြေအနေများ၊ သက်ဝင်လှုပ်ရှားမှုအခြေအနေများ၊ သီးနှံဇုန်များ၊ ကုန်စည်ဒိုင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ Website နှင့် Commerce Journal နှင့် နိုင်ငံပိုင်သတင်းစာတို့တွင် သတင်းရေးသားဖော်ပြမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၇:၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်း ဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ပြည်တွင်းဌာနခွဲ နှင့် သတင်းအချက်အလက်ဌာနခွဲမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)