မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကုန်အညွှန်အမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍  မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များသည် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး အလေးထားဆောင်ရွက်ထားကြပြီး ကျန်းမာရေးနှင့် ညီညွတ်သော‌ သောက်ရေသန့်ရရှိစေရေးနှင့် လုပ်ငန်းရှင်များလိုက်နာကျင့်သုံးရမည့်အချက်များနှင့် လိုအပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)