ကန့်ဘလူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်ကာ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။ စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ဝန်ထမ်းတစ်ဦးလျှင်(၁)ပိဿာကို ၅၂၀၀ ကျပ်ဖြင့်ရောင်းချပေးပြီး လူဦးရေ ၁၄၅၀ ဦးအတွက် စားအုန်းဆီ ၁၄၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)