ညောင်တုန်း ဆီရောင်းချနေသော ဆီဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမတွင် စီးပွားရေးလုပ်ငန်းရှင် အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းကို မအူပင် ဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ အသိပညာပေး ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဆွေးနွေးခြင်းတွင်  ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  လိုက်နာကြရမည် အချက်များအကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီဆိုင်တာဝန်ရှိသူများအား မိမိတို့ရောင်းချသော စားဆီအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါဝင်ရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆီဆိုင်ရောင်းချသူ(၂၅)ဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်များမှလည်း ပြန်လည်မေးမြန် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)