ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာ (အ.ထ.က) ခွဲကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/မနှင့် ကျောင်းသား/သူ စုစုပေါင်း(၃၄၂) ဦးအား ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာ  (အ.ထ.က) ခွဲ အခြေခံပညာကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း၊စားသုံးရန် မသင့်သည့်အစားအစာများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ကုန် ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)