ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ် နတ်စင်ငူ အ.ထ.က (ခွဲ) ကျောင်းရှိ ဆရာ/ဆရာမ (၂၂) ဦး ကျောင်းသား၊ကျောင်းသူ ၂၈၆ ဦး တို့အား စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်၊၊
ဟောပြောရာတွင် ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူများ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဥပဒေတားမြစ်ချက်များလိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)